အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှုပြုလုပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၂၂ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ရာထူးကထုတ်ပယ်

အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှုပြုလုပ်နေတဲ့ Non CDM ဝန်ထမ်းအရာရှိ ၂၂ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ရာထူးကထုတ်ပယ်
ဒီဇင်ဘာ ၂၇၊ ၂၀၂၁

အမျိုးသားညီညွတ်ရေးအစိုးရက CDM တွေကို ဖိနှိပ်မှု ပြုလုပ် နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန(ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန)က Non CDM ဝန်ထမ်း (ဒုညွှန်ကြားရေးမှူးနဲ့အထက်) အရာရှိ ၂၂ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ရာထူးက ထုတ်ပယ်လိုက်တယ်လို့ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းအမိန့်နဲ့ ထုတ်ပြန်လိုက်ပါတယ်။

အမည်ပျက်စာရင်းနဲ့ ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့သူတွေဟာ CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးထုတ်ပယ်တာ၊ တရားစွဲတာ၊ ပြန်ဆပ်ရန်မလိုတော့တဲ့ ချေးငွေတွေကို အတင်းအဓမ္မပြန်လည်ပေးဆောင်းခိုင်းတာ အစ ရှိတဲ့ ဖိနှိပ်မှုအမျိုးမျိုးကို လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပယ်ခံရသူတွေက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန(ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန)က ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှစ်ဦး၊ ညွှန်ကြားရေးမှူး ၁၆ ဦးနဲ့ဒုတိယညွှန်ကြားရေးမှူး ၃ ဦးတို့ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေနဲ့လည်း အောက်တိုဘာလမှစတင်ပြီး အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာနမဖွဲ့ရသေးသောဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.