အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက နွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဦးရေ ၈၂၃ ဦးသေဆုံးကြောင်း ထုတ်ပြန်
ဒီဇင်ဘာ ၉၊ ၂၀၂၁
ဒီဇင်ဘာလ (၇) ရက်နေ့အထိ ရရှိသမျှ သတင်းတွေအရ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၁၂၆၅ ဦးမှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဦးရေ ၈၂၃ ဦးပါဝင်တယ်လို့
အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း နွေဦးတော်လှန်ရေးကာလအတွင်း ကလေးငယ် ၁၀၄ ဦးသေဆုံးခဲ့ကာ သေဆုံးသူတွေရဲ့ ၈.၂ ရာခိုင်နှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ယောက်ျားလေး ၉၃ယေက်နဲ့ မိန်းကလေး ၁၁ ယောက်ပါဝင်ပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလတွင်း သေဆုံးသူ လူငယ်ဦးရေ ၆၂၆ ဦးရှိပြီး သေဆုံးသူတွေရဲ့ ၄၉.၄ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ကျဆုံးခဲ့တဲ့ လူငယ်တွေဟာ အမျိုးသား ၅၉၁ ယောက် နဲ့ အမျိုးသမီး ၃၅ ယောက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသူတွေအားလုံးထဲမှာ အမျိုးသမီး ၇.၃ ရာခိုင်နှုန်းဖြစ်ပြီး ၉၃ ယောက် သေဆုံးခဲ့တယ်လို့ NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews