အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးက ကြေညာချက်အမှတ် (၅/၂၀၂၁)ကိုထုတ်ပြန်ကြာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဝန်ထမ်း(၇၀) ဦးကို အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်
ဒီဇင်ဘာ ၁၂၊ ၂၀၂၁
တရားမဝင်အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ် ပစ်ခြင်း၊ တရားစွဲဆိုခြင်းနဲ့ ဥပေဒနဲ့အညီပြန်ဆပ်ရန်မလိုတော့တဲ့ လစာချေးငွေတွေကို အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်း စတဲ့ ဖိနှိပ်မှုတွေကိုကျူးလွန်နေတဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန က ဝန်ထမ်း (၇၀) ဦးကို အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်ကနေထုတ်ပစ် (Dismiss) ပစ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့လက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ပဲ ဓမ္မဘက်ကရပ်တည်ကာ ပြည်သူနဲ့တသားတည်းဖြစ်စေဖို့နဲ့ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ကြစေဖို့ အကြိမ် ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအသီးသီးက CDM တွေကို ကူညီထောက်ပံ့တာ၊ Non CDM တွေကို အပြစ်ပေးအရေးယူတာတွေ ဆောင်ရွက်လျက်ရှိသလို ဝန်ကြီးချုပ်ရုံးအနေနဲ့ အောက်တိုဘာလကစလို့ အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာနမဖွဲ့ရသေးသောဌာနအသီးသီးက နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်မှာဖော်ပြထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews