အမျိုးသားညီညွတ်ရေးအစိုးရက အာဆီယံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးဘိုလှတင့်ကို အာဆ

အမျိုးသားညီညွတ်ရေးအစိုးရက အာဆီယံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးဘိုလှတင့်ကို အာဆီယံထိပ်သီးအစည်းအဝေးအမီ ခန့်အပ်တာဝန်ပေး
၂၆ အောက်တိုဘာလ ၂၀၂၁
—————————
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံအဖွဲ့ကြီးနဲ့ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ဖို့ အတွက် ဦးဘိုလှတင့်ကို သံအမတ်ကြီးအဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့ မှာ ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဦးဘိုလှတင့်ဟာ ၁၉၉၀ ခုနှစ်က ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ National Coalition Government of the Union of Burma (NCGUB) အစိုးရအဖွဲ့မှာ ဆောက်လုပ်ရေးဝန်ကြီး၊ သတ္တုတွင်းဝန်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့မှာလည်း ပါဝင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ NCGUB အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုလဲ ၂၀၁၂ ခုနှစ်အထိထမ်းဆောင်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့ အာဆီယံနဲ့ မြန်မာအတွက် ရှေ့ဆက်ရန်ခြေလှမ်းများ အမည်ရ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ခန့်အပ်တာဝန်ပေးလိုက်တဲ့ အာဆီယံဆိုင်ရာ မြန်မာသံအမတ် ဦးဘိုလှတင့် ပါဝင်ဆွေးနွေးသွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.