အမျိုးသမီး​တွေအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးလှုပ်ရှားမှုမှာ PDF တပ်သား​တွေပါဝင်ဆင်နွှဲ

အမျိုးသမီး​တွေအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးလှုပ်ရှားမှုမှာ PDF တပ်သား​တွေပါဝင်ဆင်နွှဲ
၂၆ နိုဝင်ဘာလ ၂၀၂၁

အမျိုးသမီး​တွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေးလှုပ်ရှားမှုဖြစ်တဲ့ ဖဲကြိုးဖြူကမ်ပိန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်​တွေ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို ရှေ့တန်း၊နောက်တန်း နေရာအစုံမှာ ရရာလက်နက်နဲ့ ကျရာတာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သား​တွေကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့​ကြောင်းကို ဖဲကြိုးဖြူကမ်ပိန်းဓာတ်ပုံ​တွေနဲ့အတူဖော်ပြထားပါတယ်။

နိုဝင်ဘာ၂၅ရက်က​နေ ဒီဇင်ဘာ၁၀ရက်အထိ ကမ္ဘာနှင့်အဝန်းမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ၁၆ရက်တာဖဲကြိုးဖြူလှုပ်ရှားမှုကာလဖြစ်ပြီး အမျိုးသမီး​တွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး ဆိုင်ရာ လှုပ်ရှားမှု​တွေ အထိမ်းအမှတ်နေ့​တွေအဖြစ် သတ်မှတ်ထားတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်သား​တွေ စစ်ဖက်ဆိုင်ရာကျင့်ဝတ်၊စည်းကမ်း​တွေကို လေးစားလိုက်နာပြီး နိုဝင်ဘာ၂၅ရက်ကျရောက်တဲ့ အမျိုးသမီး​တွေအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ အမျိုးသမီး​တွေအပေါ် အကြမ်းဖက်မှုများကို မည်သည့်နည်းနဲ့မဆို ကိုယ်တိုင်မကျူးလွန်တဲ့အပြင် အကြမ်းဖက်မှု​တွေကိုလျော့ကျသွားစေဖို့ တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းပါမယ်လို့ ဖဲကြိုးဖြူကမ်ပိန်းမှာပါဝင်ခြင်းနဲ့ကတိကဝတ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာကိုလဲ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#News




Add your reaction

  1. PDF တွေ အောင်ပါစေခင်ဗျာ!!
    တော်လှန်ရေး ညီအကိုရဲဘော်တို့ ကို အလေးပြုပါသည်

  2. လေးစားဂုဏ်ယူပါတယ်သူရဲကောင်း တို့ရယ်ဘေးကင်းကျန်းမာသက်ရှည်ပါစေဘုရားရှင်ကောင်းကြီးပါစေ

  3. *ပုခက်လွှဲတဲ့လက်နဲ့အာဏာရှင်ကိုသက်မယ့်သံမဏိလိုသမီးပျိုထံသို့မှာတမ်း*

    တို့တိုင်းရင်းသား ပြည်သူများနှင့်
    အမိနိုင်ငံ လွတ်မြောက်ရန်ဟု
    စိတ်သန်ရည်စူး သဒ္ဓါထူးဖြင့်
    နှစ်ပါးမိဘ ချစ်မဝသည့်
    ရှုမငြီးဖွယ် သမီးငယ်ကို
    နိုင်ငံတော်ထံ ပေးအပ်နှံကာ
    ဝမ်းမြောက်ဝမ်းသာ စွန့်လှုပါသည်
    မေ့သမီးငယ် မငြင်းပယ်ပဲ
    လက်ခံယူတာ ဂုဏ်ယူပါတယ်
    အမေတို့ခေတ် ရှစ်ဆယ့်ရှစ်က
    မပြီးပြက်သေး တော်လှန်ရေး၏
    နောက်ဆုံးတိုက်ပွဲ နိုင်အောင်နွှဲဖို့
    သမီးတို့ခေတ် နှစ်ဆယ့်တစ်မှာ
    အခွင့်အခါ ကြုံ၍လာပြီ
    ကြုံလာသည့်ခိုက် အားသွန်စိုက်၍
    တော်လှန်ရေးထဲ ပါဝင်နွှဲကာ
    အာဏာရှင်ကို တွန်းလှန်ဖြိုလော့
    ဘမျိုးဘိုးတူ သွေးချင်းတူသည့်
    ရဲရင့်နီစွေး သတ္တိသွေးတို့
    သမီးကိုယ်မှာ ရှိနေတာကို
    လုံးဝဥဿုံ အမေယုံ၍
    ဒီတော်လှန်ရေး အောင်မြင်ရေးတွက်
    တာဝန်လွှဲကာ ပေးအပ်ပါသည်
    သို့လောသို့လော မတွေးတောပဲ
    သဘောအရှိ ဟုတ်တိုင်းသိ၍
    နှစ်ပါးမိဘ ဂုဏ်ယူရသည့်
    အတုယူဖွယ် သမီးငယ်၏
    ခိုင်မာပြတ်သား စိတ်ဓာတ်အားဖြင့်
    အာဏာရှင်ကို တွန်းလှန်ဖြိုကာ
    ကိုယ့်တွင်ကျလာ ကိုယ့်ဝန်တာကို
    တာဝန်ကျေအောင် ထမ်းရွက်ဆောင်လော့
    ဖော့ဖယောင်းနှယ် ပျော့ပြောင်းသွယ်၍
    ပုခက်လွှဲရုံ လက်တစုံ၏
    တန်ဖိုးအမှန် သိရှိရန်တွက်
    ယုတ်မာရက်စက် အကြမ်းဖက်သည့်
    အာဏာရှင်ရူး စစ်ဘီလူးနှင့်
    မိစ္ဆာအပေါင်း ရာထောင်သောင်းကို
    စိစိညက်ကြေ ချိုးဖျက်ချေကာ
    တွန်းလှန်တိုက်ထုတ် အမျိုးဖြုတ်၍
    မိန်းမတွေလည်း သွေးမနည်းကြောင်း
    အာဏာရူးတွေ သိပါစေလော့
    အနာဂါတ်ရေး ရှုမျှော်တွေး၍
    သမိုင်းသွေးကြွေး ပြန်ဆပ်ပေးဖို့
    တာဝန်ကျေအောင် ထမ်းရွက်ဆောင်မည့်
    ရှု၍မငြီး ချစ်သမီးကို
    မွေးကျေးဇူးရှင် ငါမိခင်သည်
    ဂုဏ်ယူဝမ်းသာ လေးစားစွာဖြင့်
    အလေးပြုကာ ဦးညွှတ်ပါ၏
    နှိုင်းယှဉ်မရ မြင့်မြတ်လှသည့်
    တော်လှန်ခရီး အောင်မြင်ပြီး၍
    သမိုင်းမှတ်တိုင် စိုက်ထူနိုင်သည်
    ကောင်းစွာမသွေ ဖြစ်ပါစေလော့။

    ဝိဘဇ္ဇဝါဒီအရှင်သုမန
    =================

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.