အမေရိကန်ပြည်ထောင်စု၊ ဘက်ဖလိုမြို့မှာ ပြုလုပ်ခဲ့တဲ့ “မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းတိုရုပ်ရှင်ပြပွဲကနေ အမေရိကန်ဒေါ်လာ တစ်သောင်းကျော်ရရှိ
နိုဝင်ဘာ ၂၈ ၊ ၂၀၂၂
အမေရိကန်ပြည်ထောင်စု၊ ဘက်ဖလိုမြို့မှာပြုလုပ်ခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးထားတဲ့ “မသောက်မိသော မိုးခါးရေ” ဇာတ် လမ်းတို ရုပ်ရှင်ပြပွဲကနေ ခန့်မှန်း အမေရိကန်ဒေါ်လာ တစ်သောင်းကျော်အထိ ရရှိခဲ့ပါတယ်။
“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို နွေဦးရုပ်ရှင်ပြသရေး Buffalo, NY အဖွဲ့မှ ဦးဆောင်ပြီး နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁၁နာရီကနေ ညနေ ၆အထိ ပွဲချိန် သုံးချိန်ခွဲပြီး ပြသခဲ့တာလည်း ဖြစ်ပါတယ်။
ရုပ်ရှင်ပြသမှုကို ဘက်ဖလိုမြို့နဲ့ အနီးတဝိုက်မှာ နေထိုင်ကြတဲ့ လူဦးရေ ၉၀၀ ဝန်းကျင်ခန့်ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုတွေနဲ့ အမေရိကန်မိတ်ဆွေမိသားစုတွေက တခဲနက် တက်ရောက် အားပေးကြည့်ရှုခဲ့ကြတာပါ။
ရုပ်ရှင်ပြပွဲမှာ ရန်ပုံငွေ တီရှပ်တွေအပြင် ရန်ပုံငွေ အစားသောက်စျေးရောင်းပွဲကိုပါ ပြုလုပ်ခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေ အလှူငွေတွေကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေတဲ့ နေရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး ပေးအပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာကိုပေါက်က CDM စစ်ဗိုလ်တစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို တောတွင်း တစ်နေရာမှာ ဖုန်းကင်မရာကို အသုံးပြုပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။