အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်ထဲက လက်နက်ခဲယမ်းနဲ့ စစ်ဆင်ရေးအသုံးစရိတ်အဖြစ် ၆၂ဒသမ၅၇ ရာခိုင်နှုန်း အထိ အသုံးပြုခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
ဇူလိုင် ၉ ၊ ၂၀၂၂
အများပြည်သူရဲ့ လူဒါန်းငွေတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ရှာဖွေထားတဲ့ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်ထဲ လက်နက်ခဲယမ်းနဲ့ စစ်ဆင်ရေးအသုံးစားရိတ်အဖြစ် ၆၂ ဒသမ ၅၇ ရာခိုင်နှုန်းအထိ အသုံးပြထားခဲ့တယ် လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်နိုင်ရေးအတွက် နေရာဒေသအသီးသီးက ကာကွယ်ရေး ဝန်ကြီးဌာနကို တိုက် ရိုက်ထောက်ပံ့ပေးပို့ငွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရှာဖွေရရှိခဲ့တဲ့ ဘဏ္ဍရန်ပုံတွေ ထဲက ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော် လက်ခံရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ခံရရှိခဲ့တဲ့ အမေရိန်ကဒေါ်လာ ၄၄ သန်းကျော်ရဲ့ အသုံးစရိတ်တွေကိုလည်း ရာခိုင်နှုန်းတွေနဲ့ ဖော်ပြထားတာ တွေ့ရ ပါတယ်။
အဲဒီအထဲမှာ လေ့ကျင့်ရေးစရိတ်အဖြစ် အသုံးပြုငွေက ၅ဒသမ၉၈ ရာခိုင်နှုန်း၊ လက်နက် ခဲယမ်းနဲ့ စစ်ဆင်ရေးအသုံးစ ရိတ်အဖြစ် အသုံးပြုငွေက ၆၂ဒသမ၅၇ ရာခိုင်နှုန်း၊ လက်နက်ထုတ်လုပ်မှုစရိတ်အဖြစ်နဲ့ အသုံးပြုငွေက ၂၂ဒသမ၄၉ ရာခိုင်နှုန်း၊ မဟာမိတ်တွေကို မျှဝေမှုစရိတ်အဖြစ်နဲ့ အသုံးပြုငွေက ၆ဒသမ၀၃ ရာခိုင်နှုန်း၊ ကျဆုံး ဒဏ်ရာရ ရဲဘော် ထောက်ပံ့မှုစရိတ်အဖြစ်နဲ့ အသုံးပြုငွေက ၀ဒသမ၅၀ ရာခိုင်နှုန်း၊ အရေးပေါ်အသုံးစရိတ်နဲ့ အုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာစ ရိတ်အဖြစ်နဲ့ အသုံးပြုငွေက ၂ဒသမ၄၃ ရာခိုင်နှုန်းတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအသုံးပြုတဲ့ ငွေကြေးပမာဏက ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ခွဲဝေ အသုံးချနေရတဲ့ ဘဏ္ဍာရန်ပုံငွေ ပမာဏလိုအပ်ချက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရန်ပုံငွေ မြောက်များစွာ ထပ်မံလိုအပ်လျက်ရှိနေသေးတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
ဒါအပြင် အခုအချိန်ဟာ တော်လှန်ရေးအတွက် ရေချိန်မြင့်တဲ့ကာလကို ရောက်နေပြီဖြစ်တယ်ဆိုတာနဲ့ မိဘပြည်သူတွေ အနေနဲ့ တော်လှန်ရေးအောင်စိတ်ထက်သန်စွာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရန်ပုံငွေ ရှာဖွေရေးလုပ်ငန်းစဉ် တွေမှာ ဆက်လက်ပြီး စွမ်းသမျှ ကူကြ၊ လှူကြ၊ ထောက်ပံ့ပါဝင်ပေးကြဖို့အတွက်လည်း ကာကွယ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။