အမိတလို့ ရေးတဲ့စာ – ၂…


အမိတလို့ ရေးတဲ့စာ – ၂
==========
မတွေ့တာက ၄၅ ရက်
အမေ့သတင်းနဲ့ စခဲ့တဲ့
ပြည်သူ့မနက်တွေ သတိရတယ် အမေ…
ဒီကာလအတွင်း
ရန်ကုန်ကလည်း ရန်မကုန်
ရန်သူကလည်း ကျည်မကုန်
မတရားမှုကို တာဝန်အရဖီဆန်
ကျည်ဆံတွေကြားမှာ ငြိမ်းချမ်းစွာပါပဲ အမေ…
တရားမျှတမှုကို ကယ်တဲ့ပွဲ
နိုင်ငံ့သိက္ခာကို ဆယ်တဲ့ပွဲ
သွေးရဲတဲ့သူ အောင်နိုင်မြဲမို့
ခေါင်းရွေးပစ်တာတောင်
ဒေါင်းသွေးသစ်တွေက
“အိုးဝေ” ဆိုတာချည်းပဲအမေ
ဒါပေမယ့် … သံပုံးကို နာနာတီး
အာဏာရှင်နှင်တဲ့ခရီးထဲ
ကျွန်တော်တို့လည်း အကျအဆုံးတော့ မနည်းဘူးအမေ
ကျွန်တော်တို့က စု-ရွေး-လွှတ် လို့ တောင်း
သူတို့က နိုင်-လွတ်-လုံ ကိုပြောင်း
ပြည်သူတွေကို အကုန်ဖမ်း
ဥပဒေဆိုတာတွေ ညတွင်းချင်းပြဌာန်း
ဒီဇာတ်က မဟော်သဓါ သားလုခန်းမို့
ခပ်ကြမ်းကြမ်းပဲ အမေ…
ကျွန်တော်တို့ကို စောင့်ကြည့်နေ အမေ…
ရွှေဘုန်းလူပြောသလို
ဘုရားခေတ်မှာဆို
ရဟန္တာဖြစ်အောင် လိမ္မာမယ့် အမေ့သားတွေ
အမှောင်ခေတ်မှာ ငရဲကျခါမှကျ
ကိုယ့်ဒေသမှာ ကိုယ်ထကြွနေတာ
ဒီမိုကရေစီ ပြန်ကိုရစေရမယ် အမေ…
ပြည်သူတွေ သေမှာစိုးလို့
လက်ဆေးနည်းတောင် ကိုယ်တိုင်သင်ပေး
အမေကတော့ မေတ္တာနိုင်ငံရေးပေါ့အမေ…
သူတို့ကတော့ မိစ္ဆာနိုင်ငံရေး
ပြည်သူ့အသက်လား… ခပ်အေးအေးပါပဲ
နေ့စဉ်ကျဆုံးသူတွေ မှတ်တမ်းယူ
အမေနဲ့အတူ ကျွန်တော်တို့ အလေးပြုကြရအောင်…
အရေးတော်ပုံကြီး ပြီးတဲ့အခါ…
ဖက်ဒရယ်ခရီး နီးတဲ့အခါ…
မေတ္တာမြစ်ရေ စီးတဲ့အခါ…
အေးချမ်း(သံလွင်)
#SpringRevolution
#PVTV

Like – 5.6K Share – 755

Public Voice Television Facebook

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.