အဖွဲ့ချုပ်ရုံးခန်း အဆောက်အဦတွေအတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဝင်ရောက်မှုတွေကို လုံးဝခွင့်မပြုဘဲ ဥပဒေကြောင်းအပြင် ပါတီစည်းကမ်းထိန်း သိမ်းရေးတွေနဲ့ပါ ထိထိရောက်ရောက်အရေး ယူမယ် လို့ NLD ထုတ်ပြန်ကြေ ညာ

အဖွဲ့ချုပ်ရုံးခန်း အဆောက်အဦတွေအတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဝင်ရောက်မှုတွေကို လုံးဝခွင့်မပြုဘဲ ဥပဒေကြောင်းအပြင် ပါတီစည်းကမ်းထိန်း သိမ်းရေးတွေနဲ့ပါ ထိထိရောက်ရောက်အရေး ယူမယ် လို့ NLD ထုတ်ပြန်ကြေ ညာ

ဇူလိုင် ၅ ၂၀၂၂

အဖွဲ့ချုပ်ရုံးတွေကို နည်းမျိုးစုံအကြောင်းပြပြီး ရုံးခန်းအဆောက်အဉီတွေ ဖွင့်လှစ်ဖို့ကြိုးပမ်းမှုနဲ့ ခွင့်ပြု ချက်မ ရှိဘဲ ကျူးလွန်ဝင်ရောက်မှုတွေကို ဥပဒေကြောင်းအပြင် ပါတီစည်းကမ်းထိန်းသိမ်းရေးတွေနဲ့ပါ ထိထိ ရောက်ရောက်အရေးယူမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၅ ရက်မှာ ထုတ်ပြန် ကြေညာ ခဲ့ ပါတယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရုံးချုပ် (ဗဟိုရုံးချုပ်)ကို တပ်နဲ့ရဲပူးပေါင်းအဖွဲ့ဝင်တွေက သော့ဖျက် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ပါတီရဲ့စာရွက်စာတမ်းတွေကို ယူဆောင်သွားခြင်း ဟိုက်ဂျက်ကားတစ်စီးနဲ့ မီးကွင်းပစ်ကာ လာရောက်မီးရှို့သွားခြင်းနဲ့ ဗုံးဖြင့်လာရောက်ပစ်ခတ်ခဲ့ခြင်းစတဲ့ ဥပဒေမဲ့လုပ်ရပ်နဲ့ ဖျက်ဆီး ဖောက်ခွဲမှုလုပ်ရပ်တွေကို ကျူးလွန်ဖောက်ဖျက်ခြင်းခံခဲ့ရကြောင်းဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဆင့်ဆင့် သော ပါတီရုံးများနဲ့အဖွဲ့ဝင်တွေကို စစ်ကောင်စီက ရည်ရွယ် ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေချိန်မှာ ပြည်သူ့ဆန္ဒနဲ့ သွေဖီဆန့်ကျင်ပြီး အဖွဲ့ချုပ်ရုံးတွေကို နည်းမျိုး စုံအကြောင်းပြပြီး ရုံးခန်းအဆောက်အဉီတွေဖွင့်လှစ်ရန် ကြံစည်ကြိုးပမ်းနေကြသူတွေရဲ့ လုပ်ရပ်ကို (လုံးဝ) ခွင့်မပြုကြောင်းနဲ့အဖွဲ့ချုပ်ရုံးခန်း အဆောက်အဦတွေအတွင်းကို ခွင့်ပြုချက်မရှဘဲ ကျူးလွန် ဝင်ရောက်လာ ပါကလည်း တရားဥပဒေကြောင်းအရလည်းကောင်း၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအရလည်း ကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သတိပေးကြေညာခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့(NLD HRD – T) ရဲ့ ၂၀၂၂ ခုနှစ် ဂျူလိုင်လ (၁) ရက်နေ့အထိ ကောက်ယူရရှိထားတဲ့စာရင်းတွေအရ ပါတီရုံးတွေဖျက်ဆီးခံရ မှုတွေက ဗဟိုရုံးချုပ်အပါအဝင် စုစုပေါင်း(၁၀၆)ကြိမ် ရှိခဲ့ပြီဖြစ်ကြောင်း ကျူးကျော်ဖျက်ဆီးခံရတဲ့ အချိန်အ များစုက စစ်ကောင်စီမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေသာသွားလာခွင့်ရှိတဲ့ အချိန် တွေမှာသာဖြစ်ပွားကြောင်း လွှတ်တော်ကိုယ်စားလှယ် (၁၁၉)ဦးအပါအဝင် ပါတီဝင် (၂၂၄)ဦး တို့ရဲ့ နေအိမ် တွေနဲ့ ပိုင်ဆိုင်မှုတွေကို အကြောင်းအမျိုးမျိုးပြ ဝရမ်းကပ်၊ ချိတ်ပိတ် သိမ်းဆည်းနေမှုတွေ ကျူးလွန်ခံနေရ တယ်လို့ဖော်ပြထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.