အဖမ်းအဆီးတွေကြားက ရန်ကုန်မြို့လယ်ကောင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလူငယ်များ
ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၂
အဖမ်းအဆီးတွေကြားကနေပဲ ရန်ကုန်မြို့လယ်ကောင် အနော်ရထာလမ်းမပေါ်မှာ ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ဒီနေ့မွန်းလွဲအချိန်မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြ ကျောင်းသားလူငယ်တွေက “စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြ ပြည်သူ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ကြ”ဆိုတဲ့ဘန်နာစာသားကိုကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူတွေက မင်းအောင်လှိုင်ကို ဆဲဆို ကြွေးကြော်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီးမှာပဲ ဗျောက်အိုးတွေဖောက်ပြီး လူစုခွဲခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) ၊ နွေဦးတပ်ပေါင်းစုအထွေထွေသပိတ်ကော်မတီနဲ့ North Dagon Oppressed People’s Strike Colition(NDOPSC) တို့ပါဝင်ခဲ့ကြတာပါ။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
Video – Yangon Drone