အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ပရိုဖိုင်ကန်ပိန်းပြုလုပ်ကြဖို့ နှိုးဆော်မှုများပြုလုပ်နေ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ပရိုဖိုင်ကန်ပိန်းပြုလုပ်ကြဖို့ နှိုးဆော်မှုများပြုလုပ်နေ
မတ် ၃ ၊ ၂၀၂၂

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့က မတ်လ ၈ ရက်မှာ ကျရောက်မှာဖြစ်ပြီးတော့ အမျိုးသမီးနေ့အတွက် ဖေ့စ်ဘွတ်ခ်မှာ ပရိုဖိုင်ကန်ပိန်းပြုလုပ်ကြဖို့အရေး အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေး သူငယ်ရေးရာ ဝန်ကြီးဌာနက တိုက်တွန်းထားတာ တွေ့ရပါတယ်။

ဒီနှစ်အတွက် အမျိုးသမီးများနေ့ ဆောင်ပုဒ်က “ဘက်လိုက်မှုတွေချက်ချင်းရပ်၊ အာဏာရှင်စနစ်အမြစ်ဖြတ်” ဖြစ် ပြီးတော့ ပရိုဖိုင်ဓာတ်ပုံတွေ ပြောင်းပြီးတော့ ပါဝင်ကြဖို့အတွက်လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါအပြင် တစ်ကမ္ဘာလုံးရှိ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့အတွက် အတူတကွတိုက်ပွဲဝင် နေကြတဲ့ အမျိုးသမီးတွေနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို ရဲရဲတောက်ဆန့်ကျင်နေကြ တဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လာမယ့်ရက်သတ္တပတ်တွေမှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကမ်ပိန်းတွေမှာ အတူတကွပါဝင်ကြဖို့ အတွက်လည်း ဝန်ကြီးဌာနက ဖိတ်ခေါ်ထားတာ တွေ့ရ့ ပါတယ်။

စစ်အာဏာရှင်စနစ်က လွတ်မြောက်ရုံသာမက အာဏာရှင်စနစ်ကို ထောက်ပံ့ပေးထားသော တရားမမျှတမှုတွေ၊ ကျားမခွဲခြားဘက်လိုက်မှုတွေ၊ ဖိနှိပ်မှုများကိုပါ တပါထဲ အမြစ်က ဆွဲနှုတ်နိုင်ဖို့ ရည်ရွယ်တဲ့ ဒီလှုပ်ရှားမှုမှာ
“ဘက်လိုက်မှုတွေချက်ချင်းရပ်၊ အာဏာရှင်စနစ်အမြစ်ဖြတ်” ဆောင်ပုဒ်ဖြင့် ပါကြရေးအတွက်လည်း တိုက်တွန်း ထားပါတယ်။

ပရိုဖိုင်ကန်ပိန်းမှာ ပါဝင်ချင်သူတွေအနေနဲ့ twb.nz/iwd22myr လင့်ခ်ကိုနှိပ်ပြီး Choose a Photo ကိုနှိပ်ပြီး မိမိပြောင်းလိုသော ပုံကိုထည့်သွင်းပါ။ Next ကိုရွေးပါ။ Download လုပ်ပါ။ မိမိ Facebook/Instagram အကောင့်ရှိ profile pictureနေရာမှာ frameပါပြီးသော ပုံကိုရွေးချယ်တင်နိုင်ပါပြီဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.