အတန်းတင်စာမေးပွဲ ပြုလုပ်ပေးတဲ့သူတွေကို အထူးပဲကျေးဇူးတင်ပြီး ဂုဏ်ယူတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
ဇူလိုင် ၉ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ကျေးရွာတစ်ရွာမှာ အတန်းတ င်စာမေးပွဲပြုလုပ်နေတဲ့အပေါ် ပြုလုပ်ပေးတဲ့သူ တွေကို အထူးပဲကျေးဇူး တင်ပြီး ဂုဏ်ယူတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝ န်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။
‘ကိုယ်ဒေသ ကိုယ်ရပ် ကိုယ်ရွာ ကိုယ့်အခြေအနေရ Assessment ပေါ့လေ အခုလို ဆန်းစစ်ခြင်းတွေကို ဆောင်ရွက် လို့ရပါတယ်။ ဆောင်ရွက်နိုင်ပါတယ်။ ဆောင်လဲ ဆောင်ရွက်သင့်ပါတယ်လို့ ဆရာ့အနေနဲ့တော့ မှတ်ချက်ပေး ချင်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ ဆောင်ရွက်နိုင်တဲ့ ဆောင်ရွက်နေတဲ့သူတွေကိုလည်းပဲ အထူးပဲ ကျေးဇူးလည်းတင် တယ်။ ဂုဏ်လည်းယူပါတယ်လို့ ဆရာ့အနေနဲ့ ပြောချင်ပါတယ်’ လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက PVTV ကို ပြောကြားလိုက်ပါတယ်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီရဲ့ သတင်းထုတ်ပြန်မှုမှာ အမျိုးသားညီညွတ်ရေးအစိုး ရ ညွှန်ကြားမှုနဲ့ အတန်းတင်စာမေးပွဲတွေ ပြုလုပ်ပေးနေတယ်ဆိုတာရယ် စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသားတွေရဲ့ မှတ် တမ်းဓာတ်ပုံကို ဖော်ပြခဲ့တာပါ။
‘NUG MOE (အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန) အနေနဲ့ တိုက်ရိုက်ညွှန်ကြားထားတာတော့မရှိပါဘူး။ မြို့နယ်အဖွဲ့တွေ ဒေသပညာရေး အဖွဲ့တွေ တိုင်းရင်းသားပညာရေးအဖွဲ့တွေ အနေနဲ့ ကိုယ်ပိုင်စီမံခန့်ခွဲမှုနဲ့ လွတ်လပ်စွာ ဆောင်ရွက်နိုင်ပါတယ်။ ပညာရေး လွတ်လပ်ခွင့်ရှိပါတယ်။ လွတ်လပ်တဲ့ပညာရေးကို အားပေးပါတယ်။’ လို့ ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။
မူလတန်းအထက်အဆင့်ကနေ အထက်တန်းအထိ စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြတာဖြစ်ပြီး ကျောင်းသားပေါင်း ၆၀၀ ခန့် အထိ စာမေးပွဲ ဖြေဆိုမှုကို ပြုလုပ်ခဲ့ကြတာပါ။
စာသင်ကြားမှုမှာလည်း ဆရာအင်အား ၅၅ ယောက်ခန့်က စေတနာ့ ဝန်ထမ်းအဖြစ်နဲ့ ပြုလုပ်ပေးနေတယ်လို့ ဖော်ပြထား သလို CDM ဝန်ထမ်း ၁၈ ဦးက ဦးဆောင်ပြီး ပညာသင်ကြားပေးနေတယ်လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။