အဆိုတော် ဟန်ထူးလွင် (ကျားပေါက်) က သူ့ရဲ့ ဗရုသုက္ခဗေဒ Episode 2 ဖြစ်တဲ့ Me and My…

အဆိုတော် ဟန်ထူးလွင် (ကျားပေါက်) က သူ့ရဲ့ ဗရုသုက္ခဗေဒ Episode 2 ဖြစ်တဲ့ Me and My Religion Part I ကို သူကိုယ်တိုင်ထုတ်လွှင့်တင်ဆက်နေတဲ့ 92.00MAMA မှာ ထုတ်လွှင့်တင်ဆက်ထားတာကို PVTV က ထပ်ဆင့်မျှဝေထုတ်လွှင့်ပေးခြင်းဖြစ်ပါတယ်။

#SpringRevolution
#PVTV

Like – 10K Share – 1103

Public Voice Television Facebook

Add your reaction

  1. လူတွေရဲ့ အသိစိတ်မှာ ငါဆိုတာကြီးကို မပျောက်ပျက်ချင်ဘူး ဆက်ပြီးတည်တံ့ချင်တယ် ပျောက်ဆုံးသွားမှာကြောက်တယ် အဲဒါတွေကြောင့် ဘာသာတရားတွေက တည်မြဲနေတာ လုပ်စားလို့ရနေတာ ဘာသာတိုင်းမှာ တည်မြဲခြင်းဆိုတာနဲ့မြူထားတယ် တကယ်တော့သေဆုံးခြင်းဆိုတာ အိပ်မက်မမက်ဘဲ အိပ်နေတဲ့ခံစားမူမျိုး မင်း ငါ သူဆိုတာမရှိတော့ဘူး next life ဆိုတာမရှိတော့ဘူး ဒါတွေကိုလက်မခံချင်လို့ ဘာသာတရားဆိုတာတွေထွန်းကားနေတာ

  2. လေးစားပါတယ် … လူသားတိုင်း ယုံကြည်ရာကိုးကွယ်ခွင့် ရှိကြပါတယ် … ဘာသာတိုင်း ကောင်းကြပါတယ်… ဘာသာတရားကိုးကွယ်တဲ့ သူတိုင်းဟာလဲ လူကောင်း ဖြစ်ချင်တဲ့သူတွေ…လောကမှာ လူတိုင်း လူကောင်းဖြစ်ချင်ကြတယ် သို့သော်… လူဆိုးဖြစ်လို့ဖြစ်မှန်းမသိ အယူမှားခဲ့ကြသူတွေပါ…. သဘာ၀ကျပါတယ် …ကျောင်းသားတွေ အားလုံးစာတော်နေရင် အကုန် ဆရာ၀န် ဖြစ်နေကြမှာပေါ့… ဆိုက္ကားဆရာ ဘယ်သူလုပ်မှာလဲ…. ဒါကြောင့် လောကကြီးက သဘာ၀ ကျကျကို ဖန်တီးပေးထားပါတယ်… နောက်ဆုံးတော့ လူသားအားလုံး သေရမှာပါ အမှန်ဘဲ…

  3. လေးစားပါတယ် ကျားပေါက်
    open mind ကို သဘောပေါက်သွားတယ်
    အားကျမိပါတယ်

  4. ကျောက်ကွင်းအရေးတော်ပုံ စာအုပ်ဖတ်ဖူးပါတယ်
    all human are equal ====

  5. I wish everyone in Burma especially young people are capable of thinking critically and analytically instead of following someone or some idea blindly.

  6. ဘေမရှိလို့ နားထောင်မှာလို မထောင်ဘူး လိုလိုနဲ့ နားထောင်လိုက်တော့ အဆုံးသတ် နှုတ်ဆက်စကား ပြောမှာကိုတောင် နှမြောမိတယ် လေးစားပါတယ် 🐅 ကျားပေါက်ရေ

  7. ဘာမှ မဟုတ်ဘူး။ အကျဉ်းချုံ့လိုက်ရင် ဗုဒ္ဓပြောသွားသလိုပဲ လူ၊ယောကျ်ား၊မိန်းမ စတဲ့ ပဉာတ်ချက်အစွဲတွေကို မခွာချနိုင်လို့ဆိုတာပဲ။
    အာလုံး ရုပ် နဲ့ နာမ်။ (Physical & mental) လို့ပဲခွဲခြားပေးလိုက်တယ်။ နောက်ဆုံးခွဲပေးလိုက်တာက ရုပ်(Physical)ကိုတောင် အဆုံးထိ ခွဲပေးလိုက်သေးတယ်။ မာခြင်း ပျော့ခြင်း ပူခြင်း အေးခြင်း တွန်းကန်ခြင်း ဖိခြင်း ဓာတ်သဘောပဲကျန်တော့တယ်။
    ဒါဆို ငါ သူတပါး ယောကျ်ား မိန်းမ ဆိုတာမရှိတော့ဘူး။ ဒါပေမယ့် ဒီလောက်အဆင့်ထိ နားလည်လက်ခံလေ့လာကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဝင်တွေ
    မရှိသလောက် နည်းပါတယ်။

    ဒါကြောင့် Mr.Tiger Cubက စကားတွေ အရှည်ကြီးပြောပြနေရတာပါ။
    အမှန်က ဗုဒ္ဓဘာသာရဲ့ ဘာသာရေးခေါင်းဆောင်တွေဖြစ်သော အချို့သောရဟန်းတော်တွေကိုယ်တိုင်တောင်မှ ဒီအချက်အတွေကိုသိသာသိပြီး လက်တွေမှာ စိတ်ထားတတ်ဖို့ အဆင်သင့်ဖြစ်မနေကြပါဘူး။

    မဘသပေါ်လာတာ ဒါကြောင့်ပါပဲ။

  8. ကိုကျားပေါက်အနေနဲ့ ဒီမန့်ကို မြင်မယ်လို့ထင်ပါတယ်

    မြန်ပြည်မှာ ဘာကြောင့် မှတ်တင်မှာ ဘာသာရေး နာမည်တပ်ရသလဲဆိုတာ ကိုယ်လဲ စူးစမ်းတာကြိုက်တဲသူအနေနဲ့ လေ့လာသင့်ပါတယ် လွယ်လွယ် stupidလို့မပြောသင်ပါဘူး

    ဘာကြောင့် ဘာသာရေး ကို မှတ်ပုံတင်မှာဖော်ပြရသလဲဆိုတော့ အမွေစားအမွေခံ ဥပဒေကြောင့်ပါ ဘယ်ဘာသာကိုးကွယ်တဲ့သူက ဘယ်လိုဘာသာရေးဥပဒေကို ခံစားခွင်ရှိလဲဆိုတာ မှတ်ပုံတင်လုပ်ကထဲက သတ်မှတ်ထားလိုက်တာပါ stupidမဟုတ်ပါဘူး ဒါကို လဝက ဝန်ထမ်းတောင်မသိပါဘူး

  9. သိပ်ကြိုက်တဲ့ ယူဆချက်ဗျ လွတ်လပ်စွာ တွေးခေါ်ကိုးကွယ်ခွင့် လူတိုင်းမှာရှိရမယ်

  10. ကိုကျားရဲ့ အတွေးအမြင် သုံးသတ်ချက်တွေကို
    စောင့်မျော်နေပါ့မယ်
    တိုက်တွန်းမှု့ မပါတဲ့ ဝေမျှချက် တွေမို့ လွတ်လပ်စွာ
    သိလိုပါတယ်

  11. I agree with you. I love your speeches. I respect you who study and read the influence of religion throughly. But, I wanna say that Buddha is not just a philosopher. And, I wanna add Buddha is a discoverer and the one who practises what he has discovered.

  12. အရမ်းကြိုက် တယ်
    ခံ စား လို့ ရ တယ်
    Thank you bro
    Proud of you ko kyar

  13. ခံယူချက်ချင်း တူတယ်
    ကြိုက်တယ်
    နောက်တပတ်ကို မျှော်နေပြီ

  14. တစ်ခုသတိထားမိတာက
    မြန်မာမှာရော၊ ကမ္ဘာမှာပါ အတွေးအခေါ်ဦးနှောက်ရှိတဲ့ လူမှန်သမျှ မင်းအောင်လှိုင်နဲ့အောက်ဆွဲတွေကို လက်မခံတာချင်း
    အတူတူပဲ။

  15. အဘိဓမ္မာကိုလေ့လာပြီးသွားရင် မြတ်ဗုဒ္ဓကို ပိုပိုကြည်ညိုယုံကြည်လာတယ်
    ဒါအမှန်တရားဘဲ

  16. အတော်နီးနေပြီ…စာလည်းဖတ် တွေးလည်းတွေးရင်းနဲ့ တကယ့်ပရောဖက်ဆာဖြစ်သွားလိမ့်မယ်….
    ညီလေးဖြစ်မယ့်ပရော်ဖက်ဆာရဲ့ဘွဲ့ နဲ့ ဝတ်ရမယ့်ဝတ်စုံကိုပါမြင်ကြည့်မိတယ်…
    တစ်ချိန်တော့ လူတွေလေးစားရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာဦးမယ်ထင်တယ် if you are going to walk on this way!!!

  17. မှတ်ပုံတင်ထဲမှာကိုးကွယ်တဲ့ဘာသာရေးခိုင်းတာကတော့သိတ်အရေးမပါဘူးထင်တာပဲ၊ကျားပေါက်ပြောသလို ကိုးကွယ်တဲ့ဘာသာလိမ်ပြောလည်းဘာတတ်နှိုင်မှာလည်း၊တကယ်တော့လူလူချင်းအုပ်စုကွဲအောင်ခွဲထားတဲ့အမှတ်အသားလို့ယူဆပါတယ်၊ဘယ်ဘာသာကိုးကွယ်ကွယ်အစွန်းမရောက်ရင်အားလုံးပေါင်းစည်းလို့ရပါတယ်

  18. ထားလိုက်ပါ သူ့နေရာနဲ့သူ
    အတင်းကြီး ဘာလို့ဆွဲချလာရတာလဲဗျာ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.