အစဉ်အလာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သတ်လို့ အံတိုနေပြီး စစ်ကောင်စီရဲ့ မျက်လှည့်ပွဲမှာ အသုံးတော်ခံကြမှာမဟုတ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးပြောကြား

အစဉ်အလာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သတ်လို့ အံတိုနေပြီး စစ်ကောင်စီရဲ့ မျက်လှည့်ပွဲမှာ အသုံးတော်ခံကြမှာမဟုတ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးပြောကြား

အောက်တိုဘာ ၅ ၊ ၂၀၂၂

အစဉ်အလာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သတ်လို့ အံတိုနေပြီး စစ်ကောင်စီရဲ့ မျက်လှည့်ပွဲမှာ ကိုယ်တိုင်ဝင်ပြီး အသုံးတော်ခံကြမှာမဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေးအ စိုးရ ကာကွယ်ရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အောက်တိုဘာ ၅ ရက်မှာ အပတ်စဉ် PDF ရဲဘော်တွေကို မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ တကယ်တော့ အစဉ်အလာရှိတဲ့တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ပတ်သတ်ရင် အံတိုနေပြီဆိုတော့ စစ်ကောင်စီရဲ့မျက်လှည့်ပွဲမှာ ကိုယ်တိုင်ဝင်ပြီး အသုံးတော်ခံကြမှာ မဟုတ်ဘူးဆိုတာ တော့ သေချာတယ်။ တိုင်းပြည်အပေါ်ဘယ်တုန်းကမှ စေတနာမရှိတဲ့ စစ်အုပ်စုဆီက ဘာမှ မျှော်လင့်လို့ မရနိုင်ဘူး။ သူနဲ့လုပ်တဲ့ ဘယ်လိုအပေးအယူမျိုးကမှလည်း အာမခံချက်မရှိဘူးဆိုတာ ခေါင်းဆောင်တွေ ကောင်းကောင်း သိတယ်။ အခြေအနေအကန့်အသတ်တစ်ခုကြောင့် မလွှဲမရှောင်သာ ပတ်သတ်ရသည့်တိုင် စစ်ကောင်စီရဲ့အလှည့်အပတ်ကို နည်းနည်းမှ ယုံကြည်စိတ်ချလိမ့်မယ် မဟုတ်ဘူး ဆိုတာ ငါတို့နား လည်နိုင် တယ်” လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အချိန်ကို ဆွဲဆန့်နိုင်တာနဲ့အမျှ ပြည်သူတွေရဲ့ တော်လှန်ရေးစိတ်ဓာတ် တစ်ဖြည်းဖြည်းကျဆင်းသွားစေရန် ၊ လက်နက်နဲ့ ရန်ပုံငွေအခက်အခဲကြား တော်လှန်ရေးအင်အား တစ်စစ ယုတ်လျော့သွားစေရန် ၊ တော်လှန်ရေးအင်အားစုအချင်းချင်း စိတ်အခန့်မသင့်မှုများလာရာကနေ စုစည်းညီ ညွတ်မှုပြိုကွဲသွားစေရန်တို့ကို လိုလားနေတယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။

“ သူတို့ခေါင်းထဲ စွဲနေတာက ကလိမ်ဉာဏ်နဲ့ အကြောက်တရားပဲ။ စစ်တပ်ကို ပြည်သူက ခေါင်းမော်မကြည့် ရဲအောင် အဓမ္မပြုကျင့် အကြောက်တရား သွင်းရင်းနဲ့ သူတို့ကိုယ်တိုင်နေစရာ ထိုင်စရာ မရှိအောင် ကြောက် စိတ်ဝင်နေကြပြီဆိုတာ သေချာတယ်။ ဒီအကြောက်တရားကြောင့်ပဲ မျက်လုံးစုံကန်းပြီး အမှားတွေပဲ ဆက် တိုက်ဆက်ပြီး ကျုးလွန်ကြလိမ့်မယ်” ဟု ပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.