အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို YDF တပ်ရင်းတွေ စုပေါင်းတိုက်ခိုက်


အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို YDF တပ်ရင်းတွေ စုပေါင်းတိုက်ခိုက်
◾️တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ကျော်ကြာမြင့်ပြီး အကြမ်းဖက်စစ်တပ်ဘက်က ၁၅ ဦးထပ် မနည်းသေ
ဇူလိုင် ၂ ၊ ၂၀၂၂

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၊ ထလင်းရွာထဲမှာ အင်အား ၂၀၀ ခန့်ပါတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ဒီနေ့မနက် ၁၀ နာရီခန့်မှာ ထွက်လာရာ YDF တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၆ ၊ တပ်ရင်း ၇ ၊ တင်ရင်း ၈ နဲ့ တပ်ရင်း ၁၅ တို့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

YDF တွေဘက်က အကြမ်းဖက်စစ်တပ် စုစည်းနိုင်တဲ့ နေရာတွေကို မိုင်း ၆ လုံး ကြိုထောင်ထားပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့ ရာ အကြမ်းဖက်စစ်တပ် တပ်ပျက်နေစဉ်အတွင်းမှာ အပေါ်စီးကနေ နေရာယူပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါ တယ်။

တိုက်ပွဲမှာ ၄၅ မိနစ်ကြော်လောက်အထိ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်ကို ထီးလင်းမြို့ထဲကနေ လည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးမှုတွေရှိခဲ့ပေမယ့်လည်း မြို့ထဲက ကားနှစ်စီးထွက်လာပြီး အလောင်းတွေနဲ့ ဒဏ်ရာ ရာသူတွေကို တင်သွားတယ်လို့ YDF ရဲ့ ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

မိုင်းဆွဲသမားတွေနဲ့ လက်ဖြောင့် ရိုက်ဖယ်တပ်သားတွေရဲ့ မျက်မြင်ပြောပြချက်အရ သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိထား တယ်လို့ ဆိုပါတယ်။ YDF ပူးပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးကို လ က်မောင်း ထိမှန် (မစိုးရိမ်) ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ဇူလိုင် ၁ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်ကလည်း ထန်းပင်ကုန်းရွာအနားမှာ ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေက ထီလင်းဘက်က လက်နက်ကြီး ငါးချက်ခန့်ပစ်ကူမှုတွေပြုလုပ်ခဲ့ရာ နှစ်လုံးမှာ ပုဏ္ဏးကျေးရွာစာသင်ကျောင်းအနောက်ဘက်ကို ကျရော က်ပေါက်ကွဲခဲ့တယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက် ပွဲရဲ့ ထိ ခိုက်ကျဆုံးမှု အခြေအနေကို မသိရသေးဘူးလို့လည်း ဖော်ပြထားပါတယ်။

မနေ့ညနေပိုင်း ၆:၃၀ ခန့် ထန်းပင်ကုန်းရွာအနားတွင်လည်း ၁၀ မိနစ်ခန့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ထီးလင်းဘက်မှလက်နက်ကြီးငါးချက်ခန့်ပစ်ကူရာ နှစ်လုံးမှာပုဏ္ဏားကျေးရွာစာသင်ကျောင်းအနောက်ဘက်သို့ကျရော က်ပေါက်ကွဲခဲ့ပါသည်။ထိုတိုက်ပွဲ၏အထိအခိုက်၊အကျအဆုံးကို မသိရှိရသေးပါ။
Video – YDF Battalion-15 (Shwe Som Nyo)
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.