အခွန်ထမ်းနေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဂုဏ်ယူစွာမှတ်တမ်းတင်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
ဇူလိုင် ၇ ၊ ၂၀၂၂
အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ကာလမှာ အခွန်ထမ်းဆောင်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ စီးပွားရေး လုပ်ငန်းတွေကို ဂုဏ်ယူစွာနဲ့ မှတ်တမ်းတင်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
‘အခွန်ဆိုတာ နိုင်ငံတစ်နိုင်ငံ၊ အစိုးရတစ်ရပ် အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနမှလည်း အခုလိုအကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန် နေတဲ့ကာလမှာအခွန်ထမ်းဆောင်နေတဲ့လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့စီးပွါးရေးလုပ်ငန်းများကိုဂုဏ်ယူစွာမှတ်တမ်းတင်ထားပါတယ်။’ လို့ ပြည်တွင်းအခွန်များဦးစီးဌာနက သတင်းထုတ်ပြန်ရာမှာ ဖော်ပြထားတာပါ။
အခွန်ထမ်းဆောင်ဖို့ကျန်နေတဲ့စီးပွါးရေးလုပ်ငန်းများကိုလည်း ဘယ်လိုကြောင့် အခွန်ထမ်းဆောင်သင့်တာ၊ အခွန်ထမ်း ဆောင်ဖို့ ဘယ်လိုတွေ ဆက်သွယ်ဆောင်ရွက်ရမလဲဆိုတာတွေကို ထုတ်ပြန်ပေးနေတယ်လို့ ဆိုထားပါတယ်။
အခွန်ထမ်းဆောင်ဖို့ သိချင်တယ်ဆိုရင် ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ [email protected] email မှတဆင့် Notice Letter တွေပေးပို့နေတယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာနက အခုလိုအကြမ်းဖက်စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ကာလ၊ အဘက်ဘက်မှ လိုအပ် ချက်တွေများနေတဲ့ကာလမှာ အခွန်ထမ်းဆောင်တာကို သမိုင်းကပေးတဲ့ တာဝန်အဖြစ် ဂုဏ်ယူစွာနဲ့ ပါဝင်ပေးကြဖို့အ တွက်လည်း ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။