အခွန်ကောက်ခံတာနဲ့ မျှဝေသုံးစွဲမှုဆိုင်ရာ မူဝါဒတွေအရ ပြည်နယ်တွေရဲ့ EROs တွေ၊ တိုင်းဒေသကြီးက ပအဖ တွေ၊ ပကဖတွေဆီ ယာယီလွှဲပြောင်းပေးတဲ့ အမိန့်ကြေညာစာကို လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်
မတ် ၁၉ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက အခွန် ကောက် ခံတာနဲ့ မျှဝေသုံးစွဲမှုဆိုင်ရာ မူဝါဒ တွေအရ ပြည်နယ်တွေရဲ့ EROs တွေ၊ တိုင်းဒေသကြီးကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တွေ၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) တွေဆီ ယာယီလွှဲပြောင်းပေးတဲ့ အမိန့်ကြေညာစာကို မတ်လ ၁၈ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ ပါတယ်။
ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေနဲ့ နည်းဥပဒေမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့ကို ရေနံလက် ယက်တွင်း တူးဖော်ထုတ်လုပ်တာ၊ သိုလှောင်တာ သယ်ယူပို့ဆောင်တာ၊ ချက်လုပ်တာ၊ ရောင်းချတာတို့နဲ့ စပ်လျဉ်းပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ပေးအပ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ အခန်း(၄) ပုဒ်မ ၈ ပုဒ်မခွဲ(က)အရ ရေနံနဲ့ ရေနံထွက် ပစ္စည်းတမျိုးမျိုးကို ချက်လုပ်တာ၊ ဖြတ်သန်းသယ်ယူတာ၊ ပိုက်လိုင်းနဲ့ သယ်ယူပို့ဆောင်တာ၊ ဖြန့်ဖြူး ရောင်းချတာ၊ စစ်ဆေးတာ၊ စမ်းသပ်တာတို့နဲ့ သက်ဆိုင်တဲ့ လိုင်စင်တွေထုတ်ပေးတာကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်းကောင်း၊ ပုဒ်မ ၉ အရ ရေနံနဲ့ ရေနံထွက်ပစ္စည်းတမျိုးမျိုးကို သယ်ဆောင်တဲ့ မော်တော်ယာဉ်၊ ရေယာဉ်နဲ့ တွဲတွေကို လိုင်စင်ထုတ်ပေးခြင်းအား ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဌာနမှလည်းကောင်း၊ ပုဒ်မ ၁၀ အရ သိုလှောင်ကန်နဲ့ သိုလှောင်ရုံးတွေအတွက် သိုလှောင်ခွင့်လိုင်စင် ထုတ်ပေးတာကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနတို့မှ ဆောင်ရွက်ပေးနေပါတယ်။
အဲဒါတွေကြောင့် ရေနံလက်ယက်တွင်း ဥပဒေရဲ့ အခန်း (၅) ပုဒ်မ ၁၅ နဲ့ ရေနံလက်ယက်တွင်းဆိုင်ရာ နည်းဥပဒေရဲ့ အခန်း (၄) နည်းဥပဒေ ၂၂ အရလည်းကောင်း၊ ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ အခန်း(၄) ပုဒ်မ(၈) ပုဒ်မခွဲ(က) ပါလုပ်ငန်းတာဝန်တွေအနက် ရေနံနဲ့ရေနံထွက်ပစ္စည်းလုပ်ငန်း သက်တမ်းတိုးလိုင်စင်တွေ ထုတ်ပေးတဲ့ လုပ်ငန်းတာဝန်တွေကိုလည်းကောင်း၊ ရေနံနဲ့ ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေ အခန်း(၉) ပုဒ်မ ၅၂ အရ အခွန်အခတွေကို လိုင်စင်ထုတ်ပေးတဲ့ ဝန်ကြီးဌာန၊ အခွန်ကောက်ခံတဲ့ ဝန်ကြီးဌာနတို့နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအကြား မည်သို့ ကောက်ခံ ခွဲဝေသုံးစွဲ ရမှာကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ လိုင်စင်ထုတ်ပေးတဲ့ ဝန်ကြီးဌာနနဲ့ အခွန်ကောက်ခံတဲ့ ဝန်ကြီးဌာနတို့က ထုတ်ပြန်သတ်မှတ်ရမှာလို့ ဖော်ပြထားတာဖြစ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အ စိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့ကို ပေးအပ် ထားတဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို ကြားကာလမှာ ပြည်နယ်များရှိ EROsများနဲ့ တိုင်းဒေသကြီးရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ကို အဲဒီ ဥပဒေနဲ့နည်းဥပဒေမှာ ပေးအပ်ထားတဲ့ တာဝန်တွေအား ဆောင်ရွက်နိုင်ရန် ယာယီတာဝန် လွှဲပြောင်းပေးအပ်တယ်လို့ ဖော်ပြထားပါ တယ်။
ဒါအပြင် ကျေးရွာစက်သုံးဆီအရောင်းဆိုင်တွေနဲ့ ပတ်သက်ပြီး ၄-၉-၂၀၂၀ ရက်စွဲပါ ကျေးရွာစက်သုံး ဆီဆိုင် (Village Mini Pump Station) လိုင်စင်ဆိုင်ရာ အမိန့်အမှတ်၊ ၃၂၇/၂၀၂၀ အရ လိုင်စစ်အသစ် လျှောက်ထားခြင်း နဲ့ သက်တမ်းတိုးခြင်းတွေကို ယာယီရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို လိုင်စင်သက်တမ်း တိုးတာနဲ့ လိုင်စင်အသစ်လျှောက်ထားတာတွေကို ယာယီရပ်ဆိုင်းခြင်းအား လည်းကောင်း ရေနံလက်ယက်တွင်းတွေနဲ့ပတ်သက်တဲ့ ၂၂-၆-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၄/၂၀၂၁ နဲ့ ရေနံ နဲ့ ရေနံထွက်ပစ္စည်းဥပဒေနဲ့ပတ်သက်ပြီး ၁၀-၇-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၅/၂၀၂၁ တို့အား လည်းကောင်း ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။
လုပ်ပိုင်ခွင့်တွေကို ပြည်နယ်တွေက EROsတွေ၊ တိုင်းဒေသကြီးက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ ဆောင်ရွက်ဖို့ ယာယီလွှဲပြောင်းပေးအပ်လိုက်တယ်ဆိုတာနဲ့ အခွန်ကောက် ခံမှုများကို ကြားကာလဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်ရာမှာ အခွန်ကောက်ခံခြင်းနဲ့ မျှဝေသုံးစွဲမှုဆိုင် ရာမူဝါဒနဲ့အညီ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။