အချိန်
လောကအပြင်တစ်ဖက်မှာ
အမှောင်လောကဆို
အဲ့ဒီတစ်ဖက်စွန်းမှာ
ငါတို့ရဲ့ နိုင်ငံရှိတယ်
အလင်းနဲ့နီးချိန်
ဝေးသွားခဲ့ရတဲ့ အချိန်တွေထဲ
ငါတို့ရဲ့စိတ်တွေလေးသွားတယ်
ငါတို့ ကြောက်စိတ်တွေဝင်ခဲ့ပြီးပြီ
ငါတို့ ခန္ဓာထဲ မင်းတို့ရဲ့ကျည်တွေ
ထိုးဖောက်ခဲ့ပြီးပြီ
အချိန်ကကုစားသွားမှာပါဆိုတာ
တစ်ချို့နေရာတွေမှာမှန်တယ်
ဒီလိုပဲပေါ့
မင်းတို့ တွေရဲ့
ဇာတ်သိမ်းခန်း ဆိုတာ
အလောင်းလှရိုး မရှိဘူး
အခုချိန်မှာ
အမှောင်လောကထဲလဲ
ငါတု့ိ ဇွတ်တရွတ်လျှောက်မယ်
တော်လှန် ပုန်ကန်ကြတဲ့
သွေးတွေရဲကြောင်း
မင်းတို့သိနှင့်ခဲ့ပြီ
ငါတို့အတွက်အမှောင်မိုက်ဆုံး
အချိန်တွေလွန်ခဲ့ပြီ
မင်းတို့ရဲ့နောက်ဆုံးနေဝင်ရက်စွဲတွေ
လက်ချိုးရေတွက်ထားကြလော့
သက်ငြိမ်း
#SpringRevolution
#PVTV
Like – 3.3K Share – 220