“အခုလိုတော်လှန်ရေးကာလမှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ပြည်သူလူထုတိုင်းရင်ဆ…


“အခုလိုတော်လှန်ရေးကာလမှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ပြည်သူလူထုတိုင်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ရှိနေသည့်တိုင်အောင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ကျွန်တော်တို့ဝန်ကြီးဌာနက ဒီတာဝန်တွေကို ထမ်းဆောင်သွားမှာပါ။ ဒီလိုတာဝန်တွေကို ထမ်းဆောင်သွားတဲ့အခါမှာ အောက်ပါလုပ်ငန်းစဉ် သုံးခုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်။
(၁) လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုင်ကြားနိုင်မယ့် ယန္တရားကိုထူထောင်ပြီး စနစ်တကျမှတ်တမ်းတင်ခြင်း . . .
(၂) အပြစ်ဒဏ်မှကင်းလွတ်နေမှု (Culture of Impunity) ကို ရပ်တန့်စေအောင်လုပ်ဆောင်ခြင်း . . .
(၃) လူ့အခွင့်အရေး အသိပညာတွေ ထွန်းကားလာအောင်လုပ်ဆောင်ခြင်း . . .”
ဦးအောင်မျိုးမင်း
ပြည်ထောင််စုဝန်ကြီး
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#SpringRevolution
#PVTV

Like – 8.3K Share – 1026

Public Voice Television Facebook

Add your reaction

  1. လေးစားတယ် ထောက်ခံပါသည် အရေးတော်ပုံ အောင်ရမည်

  2. Congratulations ပါ
    H.E U Aung Myo Min

    မြန်မာနိုင်ငံကိုအကြမ်းဖက်စကစလက်အောက်မှလွတ်မြောက်ဘို့အတွက်ကြီးမားတဲ့တာဝန်များထမ်းဆောင်ပေးသည့်အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျား

  3. Warmly welcome
    လေးစားပါတယ် ၀န်ကြီး
    အရင်ကတည်းက စိတ်ဓာတ်ကို လေးစားပါတယ်။ တိုင်းပြည်တာ၀န် ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

  4. ကျွန်တော်တို့လိုချင်နေတာဒါမျိုး
    နောက်ထပ် ဆရာ တွေ အများကြီး ရှိပါသေးတယ် လုပ်ပါ အားလုံး ကျွန်တော် တို့ ဘုံရန်သူကိုတိုက်နေတာ ခုဆရာကို မလေးစားလို့ပြောတာမဟုတ် သူက အားလုံး ရင်ထဲက. ချစ်တဲ့ဆရာ ပြိုင်တူတွန်းလျင် မအလ အဝီစိ ရောက်မည်

  5. ဝန်ကြီးရှင့် ကျမတို့ လူထုခေါင်းဆောင်ကြီးလည်း လူ့အခွင့်ရေး ချိုးဖောက်ခံနေရပါတယ် အရင်ဆုံးကူညီပေးပါ

  6. အပြစ်ကျူးလွန်ပြီး
    ခုချိန်ထိလွတ် နေ
    သေးသူများကိုပါ
    အရေးယူ နိုင် ရန် ဆောင်ရွက်ပေးစေလိုပါတယ် ။

  7. ဝမ်းသာ လိုက် တာ.. လေးစားချီးကျုး ဂုဏ် ယူ ပါ တယ် ကို အောင် မျိုး မင်း

  8. ၀န်ကြီး လေးစားကြိုဆိုပါတယ်။
    အခြေခံ လူ့အခွင့်အရေးတွေတောင် နေ့စဉ်နဲ့ အမျှ ဆုံးရှူံးနေရလို့ ၀န်ကြီးတို့ပေါ်ပေါက်လာတာ ၀မ်းသာရပါတယ်။ မြန်မာပြည် အရေးခင်း အမြန်ပြီးပီ လူသားတိုင်း အခွင့်အရေး အပြည့် ရကြပါစေ။ 🙏🙏🙏

  9. မြန်မာပြည်မှာ Mobile phone မရှိသေးတဲ့အချိန်ကတဲကပြည်ပသတင်းဌာန တွေမှာဦးအောင်မျိုးမင်းရဲ့ကြိုးပမ်းမှုတွေကိုကြည့်ခဲ့ လေးစားခဲ့မိပါတယ်။

  10. ဝမ်း​​မြောက်စွာ ကြိုဆို​ထောက်ခံပါတယ်💐
    ​ဘေးရန်ကင်းကာ ကျန်းမာစွာနဲ့ နိုင်ငံ​ကောင်းကျိုးကို စိတ်ရှိတိုင်း လျင်မြန်ထိ​ရောက်စွာ ​
    ဆောင်ရွက်နိုင်ပါ​စေ
    🙏🙏🙏

  11. NUGက ဖွဲ့စည်းထားတဲ့ လူမှန် နေရာမှန် တွေ မြင်တွေ့ရတော့ အားတက်မိပါတယ်

  12. ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးရာဝန်ကြီး
    အားကစားနဲ့ကာယဗလရေးရာဝန်ကြီး တို့လိုပါသေးတယ်
    အဓိကကတော့ ပို့/ဆက်ဝန်ကြီးလိုပါတယ်။ internet နဲ့ ဆက်သွယ်ရေး တွေ ကသူတို့ မှောက်လိုရာမှောက် လုပ်နေကြတာပါ။လူထုဆက်သွယ်ရေးဟာခက်ခဲနေပါတယ်။ပို့/ဆက်ဝန်ကြီးဆို ကုန်းလမ်း/ရေလမ်း/လေကြောင်းလမ်းတွေက CDM တွေစုစည်းပြီး ကိုင်တွယ်ဖြေရှင်းလို့ရပါတယ်။က.ည.န က CDM လုပ်နေတဲ့ အမူထမ်းအရာထမ်း မနည်းပါဘူး။ သူတို့ကိုလည်း ကြည့်ပေးဖို့လိုအပ်ပါတယ်။Just အကြုံပြုခြင်းပါ

  13. တိတိကျကျစုံစမ်းစစ်ဆေးမှတ်တမ်းတင်
    အရေးယူနိုင်ပါစေ။

  14. ဝန်ကြီး အား လေးစားစွာ ကြိုဆိုထောက်ခံပါ၏။ ကျန်းမာဘေးကင်းစွာ ပြည်သူ့အကျိုး ထမ်းဆောင် နိုင်ပါစေ။

  15. လေးစားစွာ ကြိုဆိုပါတယ်။
    ဘေးကင်းစွာဖြင့် တာဝန်များထမ်းဆောင်နိုင်ပါစေ 🙏🍀

  16. လူ့အခွင့်အရေး တရားဥပဒေ ဆိုတာမရှိတဲ့ အမှောင်ထဲမှ အလင်းကို လမ်းညွန့်ပေးမဲ့ ပြည်ထောင်စုဝန်ကြီး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး
    အမျိုးသားညီးညွတ်ရေးအစိုးရ
    အားလုံးကို ကြိုဆိုထောက်ခံပါတယ်
    ဘုရားသခင်ကောင်းကြီးပေးပါစေ

  17. ကျေးဇူးတင်ပါတယ်ဝန်ကြီး။အရေးတော်ပုံအောင်မြင်မည်။

  18. တစ်ကယ့်ပညာရှင်တွေပါလာတာ
    ဝမ်းသာလေးစားရပါတယ် ဝန်ကြီးရှင့်

  19. တာဝန်ယူမှု
    တာဝန်ခံမှု အပြည့် ရှိမယိ့သူ လို့ ယုံကြည်ပါနယ်

  20. လူမှန်နေရာမှန်တွေနဲ့NUG
    ယုံကြည်စွာထောက်ခံကြိုဆိုပါတယ်..နိုင်ငံအကျိုး ပြည်သူ့အကျိုး အောင်မြင်စွာထမ်းရွက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်

  21. ကျေးဇူး အထူးတင်ပါတယ်ရှင်🙏
    ပြည်သူ့လွှတ်တော် CRPH နှင့် အမျိုးသားညီညွတ်ရေး NUG အစရှိသော မြန်မာနိုင်ငံအရေးအစွမ်းကုန်ကြိုးပမ်းနေကြသော ပြည်သူ့အစိုးရ လူကြီးမင်းများအားလုံး ကျန်းမာချမ်းသာ ဘေးဘယာမှန်သမျှ ကင်းဝေး အစစအရာရာ လုံခြုံ ပြုသမျှကိတ်စမှန်သမျှ အမြန်ဆုံး အောင်မြင်ကြပါစေရှင်🙏

  22. ဝန်ကြီးကိုအပြည့်အဝထောက်ခံပါတယ်လေးစားပါတယ်လုံခြုံစိတ်ချရတဲ့နေရာမှာနေပေးပါဘေးကင်းပါစေပြည်သူချစ်တဲ့ဝန်ကြီး

  23. တိုင်းပြည်နဲ့လူမျိုးအကျိုး များစွာသယ်ပိုးနိုင်သော ဝန်ကြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်
    ကြိုဆိုပါတယ် ဝန်ကြီး

  24. အားကိုး ကြိုဆိုပါတယ်ဝန်ကြီး🙏
    မျိုးဆက်သစ်လေးများမတရားညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံနေရတာ မြင်ရက်စရာမရှိပါ😢

  25. ဘဘဉီးအောင်မျိုးမင်းမိသားစုနှင့်ထပ်တူ(CRPH၊NUG)မိသားစုဝင်များ၊သွေးချင်းမောင်နှမပြည်သူလူထုကြီးတစ်ရပ်လုံးနှင့်အနာဂတ်မျိုးဆက်သစ်လေးများမိသားစုများအားလုံးနှင့်PVTVမိသားစုဝင်များအားလုံးလည်းဘေးရန်တွင်းပကင်းစင်ဝေး၍နှလုံးစိတ်ဝမ်းသာယာချမ်းမြေ့အေးမြပါစေလို့ဆုမွန်တောင်းမေတ္တာပို့သနေပါသည်ရှင်။ဘဘတို့(MOIC)(NUG)မှကိုယ့်ကျိုးမဖက်အမိနိုင်င့ံကောင်းကျိုးအဘက်ဘက်မှကြိုးပမ်းဆောင်ရွက်နေမှုများအစစအရာရာအောင်မြင်ပါစေရှင်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.