အကြောင်းအမျိုးမျိုးကြောင့် အမိမြေနဲ့ ဝေးကွာတဲ့အရပ်မှာ နေနေကြရပေမယ့် အရေးကိစ္စကြုံလာတဲ့အခါမှာ ရင်ထဲက ဘယ်လိုမှမခံစားနိုင်ကြတော့ပဲ အမိမြေအတွက် တတ်စွမ်းသလောက် အားထည့်ကူညီပေးနေကြတဲ့ အဝေးရောက်နေသော မြန်မာနိုင်ငံသူ နိုင်ငံသားများရဲ့ ရင်တွင်းစကားသံတွေကို ကြားနိုင်ဖို့ PVTV အဖွဲ့သားတွေက “အဝေးရောက် ရင်တွင်းစကားသံ” အစီအစဉ်ကို တင်ဆက်လိုက်ရပါတယ်။ လူချင်းဝေးနေကြပေမယ့် နှလုံးသားတွေနီးစပ်နေကြတယ်ဆိုတာကို ဒီနွေဦးတော်လှန်ရေးတိုက်ပွဲတွေက ပိုပြီး သေချာစေခဲ့ပါတယ် … ပြည်တွင်းကနေ အသက်တွေ၊ ဘဝတွေစွန့်ပြီး စွန့်စားတိုက်ပွဲဝင်နေကြသူတွေရဲ့ အင်အားဟာ တော်လှန်ရေးရဲ့ အဓိကပင်မသွေးကြောဆိုရင် ပြည်ပရောက်မြန်မာတွေရဲ့ ပံ့ပိုးမှုအင်အားကလည်း မရှိမဖြစ်သော သွေးကြောမျှင်တွေ ဖြစ်နေမှာပါ … ဒါ့ကြောင့် နွေဦးတော်လှန်ရေးတိုက်ပွဲကို တတ်နိုင်တဲ့အားနဲ့ ဝင်နွှဲနေကြတဲ့ ကမ္ဘာအရပ်ရပ်က မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ ချိတ်ဆက်ပြီး သူတို့ရဲ့ အသံတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ကိုဝင်းဆွေ ( Burmese Community Development Collaboration) နဲ့
ကိုဘန်နီ( Myanmar Global Support Foundation) တို့ကိုဆက်သွယ်မေးမြန်းထားပါတယ်။ နောက်အပတ်တွေမှာလဲ ကမ္ဘာအနှံ့က အဝေးရောက် ရင်တွင်းစကားသံတွေကိုလဲ ထပ်မံနားဆင်နိုင်ကြဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။
အရေးတော်ပုံ အောင်ရမည်။
#PVTV
#Springrevolution
#Voiceformabroad
#VFA
Like – 6.4K Share – 270