အကြမ်းဖက် စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီးရာထူးယူထားသူနှစ်ဦးကို အငြိမ်းစားပေး
၂၆ နိုဝင်ဘာလ ၂၀၂၁
အကြမ်းဖက် စစ်ကောင်စီက စစ်တပ်မှာ ဒုဗိုလ်ချုပ်ကြီးရာထူးယူထားပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီမှာ ပါဝင်တဲ့သူ နှစ်ဦးကို အငြိမ်းစားပေးလိုက်တယ်ဆို့ BBC သတင်းဌာနက ဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာတုန်းက ကာကွယ်ရေးဝန်ကြီး တာဝန်ယူခဲ့တဲ့ ဒုတိယဗီုလ်ချုပ်ကြီး စိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ကို အငြိမ်းစားပေးလိုက်တာပါ။ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ဖြစ်တဲ့ မင်းအောင်လှိုင်က အာဏာသိမ်းပြီးတဲ့ အချိန်မှာ သူတို့နှစ်ဦးကို မူလထမ်း ဆောင်တဲ့ရာထူးတွေကနေ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီထဲကို ပြောင်းခဲ့တာလို့ ဆိုထားပါတယ်
အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ အကြမ်းဖက်စစ်တပ်ကိုယ်စားပြု ၃ ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီး ရဲအောင်တို့ ပါဝင်ထားတာပါ။ အဲဒီသုံးယောက်ထဲမှာ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေက အာဏာသိမ်းပြီးနောက် ရာထူးကအနားပေးခံရတဲ့အထဲပါဝင်ထားတာဖြစ် လို့ လက်ရှိအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က ပါဝင်ထားတဲ့ ဒုဗိုလ်ချုပ်ကြီး ၃ ဦးလုံး အငြိမ်းစား ပေးခံလိုက်ရပြီလို့ ပြောရပါမယ်။ BBC သတင်းဌာနကတော့ သူတို့သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ရဲ့ ဥက္ကဌဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။ လက်ရှိအာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက အင်အားနည်းပါးလာတဲ့အတွက် စစ်မှုထမ်းဟောင်းတွေကို ပြန်လည်တာဝန်ပေး စေခိုင်းနေတာလည်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သဘောထားပျော့ပြောင်းပြီး ပြည်သူလူထုဘက်က ရပ်တည်လာနိုင်တဲ့ သူတွေကို ဖယ်ထုတ်နေခြင်းဖြစ်နိုင်ကြောင်းနဲ့ အငြိမ်းစားပေးခံရတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ လက်ရှိ စစ်ဗိုလ်ချုပ်များအကြား အကွဲအပြဲက တပ်ပြိုကွဲမှုကို ပိုမိုအားကောင်းလာစေနိုင်ကြောင်း သုံးသပ်ပြောကြားမှုတွေရှိနေတာဖြစ်ပါတယ်။
Source – BBC
ဓာတ်ပုံ- YE AUNG THU/AFP/ Getty Images