အကြမ်းဖက်လုပ်ရပ်အားနိုင်ငံရဲ့စနစ်တစ်ရပ်အဖြစ်ပြဌာန်းကျင့်သုံးနေတဲ့ စစ်ကောင်စီကို ပြည်သူတွေညီညွတ်စွာ တုန့်ပြန်ကြဖို့ KNU ကျောက်ကြီးမြို့နယ်တိုက်တွန်း
ဇူလိုင် ၁၃ ၊ ၂၀၂၂
နိုင်ငံအဆင့်အကြမ်းဖက်လုပ်ရပ်အားနိုင်ငံရဲ့ စနစ်တစ်ရပ်အဖြစ်ပြဌာန်းကျင့်သုံးနေတဲ့ စစ်ကောင်စီအား မိမိတို့က လက် နက်ကိုင်ခုခံနေတဲ့ နည်းတူ တိုင်းသူပြည်သားတွေကလည်း အချင်းချင်းရိုင်းပင်းလက်တွဲကြလျက် စည်းလုံးညီညွှတ်စွာနဲ့ ရပ်တည်တုံ့ပြန်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီးမြို့နယ်က ထုတ်ပြန်လိုက် ပါတယ်။
နွားကွဲလျှင် ကျားဆွဲမည်ဆိုသည့် ပုံဥမာအတိုင်း တစ်ဦးတစ်စုအသိုင်း အဝိုင်းတစ်ခုချင်းစီက အပြန်အလှန်ရပ်တည်မှု ပေးခြင်းဖြင့်သာလျှင် အာဏာရှင်အားအနိုင်ယူနိုင်မည်ဖြစ်ကြောင်း KNU ကျောက်ကြီးမြို့နယ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုင်းပြည်အာဏာအား တရားမဝင်သိမ်းယူခဲ့တဲ့ စစ်ကော်စီဟာ ပြည်သူ လူထုရွေးကောက် တင်မြောက်တဲ့ လူထုအစိုးရ အားထောင်တွင်းအကျဉ်းချခြင်း၊ မတရားအရေးယူအပြစ်ပေးခြင်း၊ ကြီးလေးသည့်ဖြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့ပြီး ယခုတိုင်ဆက်လက်ပြု လုပ်နေဆဲဖြစ်တယ်လို့ KNU ကျောက်ကြီးမြို့နယ် ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီဟာ သူတို့ရဲ့ မတရားအာဏာသိမ်းယူမှုအား ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူလူထု၊ ညီငယ်၊ ညီမငယ်၊ ရဟန်းသံဃာတော်တွေရဲ့ ဦးခေါင်းကိုပစ်မှတ်ထားသတ်ဖြတ်ခြင်း၊ အကြမ်းဖက်နှိပ်ကွပ်ခြင်း၊ ဆွေမျိုးမိသားစု လိုက် ဖမ်းဆီးခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ ပိုင်ဆိုင်သည့်ပစ္စည်းများအားခိုးယူခြင်း၊ ချိတ်ပိတ်သိမ်းယူခြင်းများကို တိုးမြင့် ပြုလုပ်နေလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဘေးလွတ်ရာဒေသများဆီသို့ ရှောင်တိမ်းနေကြရတဲ့ ရွေးကောက်ခံကိုယ်စာ:လှယ်များ၊ ဆန့်ကျင်သူ များ အား အတင်းလိုက်လံဖမ်းဆီးတဲ့ လုပ်ရပ်များကြောင့် မခံမရပ်နိုင်တော့ဘဲမိမိဒေသအား ကာကွယ် သူ များနဲ့ ထိပ်တိုက်တိုးတဲ့ တိုက်ပွဲတွေပေါ်ပေါက်လာခြင်းကိုတုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီဟာ အရပ် သားပြည် သူတွေရဲ့ ကျေးရွာ၊ နေအိမ်များအ ပေါ်သို့ လက်နက်ကြီးတွေနဲ့ ရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက် တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက် ခိုက်တာတွေကို ပြုလုပ်လျက်ရှိပြီးတိုင်းပြည်ရဲ့ တနံတ လျား နယ် မြေအဝန်း အဝိုင်းအားလုံးကို ရက်စက်မှု၊ သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတို့နဲ့ နိုင်ငံအဆင့် အကြမ်းဖက် ပေါ်လစီကို ချမှတ်ကာ လုပ်ဆောင်နေတယ်လို့ KNU ကျောက်ကြီးမြို့နယ်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို လုပ်ရပ်တွေကြောင့် ရပ်ရွာအိုးအိမ်များပစ်ခွာထွက်ပြေးတိမ်းရှောင်ရခြင်း၊ ကလေးငယ်များ စာသင်ယူနိုင်မှု အခွင့် အရေးပျက်ကွက်နေရခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများပျက်စီးခြင်း၊ အဓမ္မ ခိုင်းစေခြင်း၊ ငွေကောက်ယူခြင်း၊ ပုဂ္ဂလိကပိုင်ပစ္စည်များသိမ်းယူခြင်းနဲ့ လူ့အခွင့်အ ရေးများဆုံရှုံးခြင်းတို့ ဖြစ်ပွားလျက်ကြောင်း ဖော်ပြထားပါတယ်။
KNU ကျောက်ကြီးမြို့နယ်အနေနဲ့ KNU ဗဟိုက ချမှတ်ပေးတဲ့ ကရင်အမျိုးသားတို့ပေးအပ်သော တာဝန်နဲ့ အညီ ပြည်သူပြည်သားများအားလုံးအတွက် လုံခြုံတဲ့ ကြားခံနယ်မြေများတည်ဆောက်ရေး၊ လေယာဉ်မပျံသန်း ရနယ်မြေများပေါ်ထွက်လာရေးတို့အတွက် အပြည်ပြည်ဆိုင်ရာနဲ့ သော်လည်းကောင်း၊ ခုခံတော်လှန်သူတွေနဲ့ ပူးတွဲ၍ သော်လည်းကောင်း၊ စစ်ကောင်စီနဲ့ အကြား အရေးပေါ်လူသား ချင်စာနာမှု ဆိုင်ရာဆွေး နွေးညှိနှိုင်းမှုများပြုလုပ်ခြင်းနဲ့ ပြည်သူတွေ လုံခြုံမှု ရရှိဖို့ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။