အကြမ်းဖက်မင်းအောင်လှိုင်နဲ့ မြန်မာအကြမ်းဖက်စစ်ဗိုလ်ချုပ်တွေကို အရေးယူဖို့ ဂျာမဏီနိုင်ငံပြည်ထောင်စုအစိုးရအဖွဲ့ ရှေ့နေချုပ်ရုံးမှာတိုင်ကြားထား
ဇန်နဝါရီ ၂၄၊ ၂၀၂၃
အကြမ်းဖက်မင်းအောင်လှိုင်နဲ့ မြန်မာအကြမ်းဖက်စစ်ဗိုလ်ချုပ်တွေကို အရေးယူဖို့အတွက် ဂျာမဏီနိုင်ငံပြည်ထောင်စုအစိုးရအဖွဲ့ ရှေ့နေချုပ်ရုံးရဲ့ ကမ္ဘာတလွှားတရားစီရင်ပိုင်ခွင့်အရ Fortify Rights နဲ့ မြန်မာနိုင်ငံသား ၁၆ ဦးက တိုင်ကြားလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းရက်စက်ကြမ်းကြုတ်မှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့အတွက် စာမျက်မှာ ၂၁၅ မျက်နှာပါ တိုင်ကြားလွာနဲ့ စာမျက်နှာ ၁၀၀၀ ကျော်ပါနောက်ဆက်တွဲစာရွက်စာတမ်းတွေကို ဇန်နဝါရီလ ၂၃ ရက်နေ့က တင်သွင်းလိုက်တာဖြစ်ပါတယ်။
တိုင်ကြားချက်တွေထဲမှာ မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကိုယ်တိုင်ခံစားခံရသူတွေကိုယ်တိုင်က တိုင်ကြားခဲ့တာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု၊ မုဒိန်းမှု၊ တွေအပြင် ကလေးသူငယ်တွေကို ရက်ရက်စက်စက်သတ်ဖြတ်မှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
“ကမ္ဘာတလွှား တရားစီရင်ပိုင်ခွင့်ဆိုတာဘယ်နေရာမှာပဲ ရာဇဝတ်မှုတွေ ကျုးလွန်သည်ဖြစ်စေ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်တွေလို အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကို ကျူးလွန်လာပြီဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံး အပေါ်မှာ ကျုးလွန်တဲ့ ပြစ်မှုတွေလို့ သတ်မှတ်ပြီး ပြင်းထန်တဲ့နိုင်ငံတကာ ရာဇဝတ်မှုတွေလို့ သီသန့်သတ်မှတ်ပါတယ်။”လို့ Fortify Rights က ထုတ်ပြန်ပါတယ်။
ဂျာမနီရဲ့ ဥပဒေအရ အဲ့ဒီ ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးဖို့နဲ့ နောက်ဆက်တွဲတရားစွဲဆိုတာတွေလုပ်ဆောင်နိုင်ပြီး ကြီးလေးသောရာဇ၀တ်မှုကျူးလွန်သူများကို အပြစ်ပေးဖို့ မြန်မာနိုင်ငံအပါအဝင်ဘယ်နေရာမှာ မဆိုတာဝန်ခံရမှာဖြစ်ပြီး ရှောင်လွဲဖို့ မဖြစ်နိုင်ဘူးလို့ Fortify Rights ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။