အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံးအရေးယူဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံးအရေးယူဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ တိုက်တွန်း

ဇန်နဝါရီ ၃၁၊ ၂၀၂၃

မြန်မာပြည်သူ၊ ပြည်သား လူမျိုးပေါင်းစုံအပေါ် စစ်အုပ်စုကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုအမြန်ဖော်ထုတ်အရေးယူဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) က တိုက်တွန်းလိုက်ပါတယ်။

လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ကပေးပို့တဲ့ “ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်” တော်လှန်သတင်းစကားထုတ်ပြန်ချက်မှာ ခုလိုတိုက်တွန်းတိုက်တာဖြစ်ပါတယ်။

“အဖိနှိပ်ခံ ပြည်တွင်းပြည်ပ လူမျိုးစုံ မြန်မာပြည်သူများ၏ သဘောထားကို အမှန်တကယ်သိရှိပြီး တရားမဝင်အတုအယောင် ရွေးကောက်ပွဲများကို အသိမှတ်မပြုရန်၊ ကန့်ကွက် ရှုံ့ချရန် တိုက်တွန်းသည်။ အကြမ်းဖက်စစ်အုပ်စုက ဖန်တီးသည့် ဖိနှိပ်အုပ်ချုပ်မှုမှန်သမျှကို နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး နည်းလမ်းတစ်ခုခုဖြင့် အသိအမှတ်ပြုခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်မှု တရားခံစစ်အုပ်စုနှင့် အလိုတူအလိုပါဖြစ်ကြောင်း သတင်းစကားပါးလိုသည်။”ဆိုပြီးတိုက်တွန်းချက်မှာဖော်ပြထားပါတယ်။

လူမျိုးပေါင်းစုံတော်လှန်ရေး အားကောင်းလာတာနဲ့ အမျှအကြမ်းဖက်စစ်တပ်ရဲ့ သမားရိုးကျ နိုင်ငံရေး ထွက်ပေါက်ရဖို့ ဖန်တီးမှုတွေဟာ အလုပ်ဖြစ်တော့မှာမဟုတ်ဘဲ စစ်အာဏာရှင်ရဲ့တရားမဝင် ရွေးကောက်ပွဲကို ဘယ်လိုပဲလုပ်ကြံဖန်တီးထားတာဖြစ်စေလူထုက လက်ခံတော့မှာမဟုတ်ဘူးဘဲ လက်မခံတာကိုလည်း ညီညွတ်စွာပြသဖို့ တိုက်တွန်းထားပါတယ်။

လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီဟာ လူမျိုးပေါင်းစုံ၊ ပြည်သူလူထုနဲ့အတူ တသားတည်းရပ်ပြီး အာဏာရှင်စနစ်ပျက်သုဉ်းကာ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာတဲ့အထိကြိုးပမ်းသွားမယ်လို့ သတင်းစကားပါးထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.