အကြမ်းဖက်စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်နက်တိုက်အတွင်း ပေါက်ကွဲမှုဖြစ်ပွား
မတ် ၁၂ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ တည်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနောက် မြောက်တိုင်းစစ်ဌာနချုပ် လက်နက် တိုက်အတွင်း ဒီနေ့မနက် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်နေတယ်လို့ ခေတ်သစ်သတင်းဌာရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ လက်နက်သိုလှောင်ရုံတစ်ခုအတွင်းကို ဒီနေ့နံနက် ၉ နာရီ ၁၁ မိနစ်အချိန်ခန့် မှာ အဝေးထိန်းဒုံးနဲ့ ၄ ချက်တိတိ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခံခဲ့ရပြီးနောက်မှာ မီးလောင်သွားတာဖြစ်တယ် လို့ ဖော်ပြထားတာပါ။
PVTV သတင်းဌာနအနေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ် ဆက်ပြီးတော့ ဖြစ်စဉ်ကို အတည်ပြု နိုင်ရေးနဲ့ ပေါက်ကွဲမှုဖြစ်စဉ်နောက် ပျက် စီးဆုံးရှုံးမှုတွေ သိရှိနိုင်အောင် လုပ်ဆောင်နေပါတယ်။
ဒေသခံတွေရဲ့ အတည်ပြုချက်အရတော့ လက်ရှိအချိန်မှာ ပေါက်ကွဲမှုဖြစ်စဉ်အပြီး အနောက်မြောက်တိုင်း စစ် ဌာနချုပ်ထဲက ရဟတ်ယာဉ် ၂ စီးနဲ့ ပျံသန်းနေတယ်လို့ ဆိုထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။