အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့တိုက်ခိုက်နေမှုတွေအပေါ် CRPH နဲ့ အမေရိကန်လွှတ်တော်အမတ်တို့အကြား ဆွေးနွေးမှုများပြုလုပ်
ဇန်နဝါရီ ၂၂ ၊ ၂၀၂၂
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ အင်အားသုံးတိုက်ခိုက်နေတဲ့အပေါ်မှာ မြန်မာပြည်သူတွေကို အကူအညီပေးဖို့အတွက် ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမေရိကန်လွှတ်တော်အမတ် Mr. Todd Young တို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၂၀ ရက်က Virtual Conference နဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းနဲ့ အတွင်းရေးမှူး ဦးတင်ကိုကိုဦးတို့တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံရဲက မြန်မာနိုင်ငံအတွက် ကူညီပေးမှုတွေနဲ့ အထက်လွှတ် တော်အမတ်ရဲ့ ဦးဆောင်ပြီးလုပ်ဆောင်ပေးခဲ့တဲ့ မြန်မာ့ အရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေအတွက် ကျေးဇူးတင်ရှိပါတယ်ဆိုတာနဲ့ အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ လေကြောင်းနဲ့ အင်အားသုံးတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အပေါ် မြန်မာပြည်သူတွေကို ထိရောက်တဲ့ ကူညီမှုတွေ ပေးနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာပြည်သူတွေအတွက် အကူအညီပေးစေလို ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြား လိုက်ပါတယ်။
ဒါအပြင် အခုလို မြန်မာနိုင်ငံအတွက် ခက်ခဲတဲ့အချိန်ကာလတွေမှာ အမေရိကန်နိုင်ငံ၊ လွှတ်တော်နဲ့ လွှတ်တော်အမတ်တွေအပါအဝင် နိုင်ငံတကာအသိုက် အဝန်းက မြန်မာပြည်သူတွေကို အကူအညီပေးနေတဲ့အတွက်လည်း များစွာခွန်အားဖြစ်ရတယ်လို့ ဆိုထား ပါသေးတယ်။
တွေ့ဆုံပွဲမှာ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်တွေကို ရှင်းလင်းတင်ပြခဲ့ပြီး အမေရိကန်လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်နေတဲ့ Burma Act နဲ့ စပ်လျဉ်း တဲ့ကိစ္စရပ်တွေ၊ ဒေသတွင်းနိုင်ငံတွေရဲ့ မြန်မာအရေးကိစ္စရပ်တွေအပေါ် ထားရှိတဲ့ သဘောထားတွေနဲ့ ဆက်ဆံရေးအခြေအနေ တွေကို ဆွေးနွေးခဲ့ တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။