အကြမ်းဖက်စစ်တပ်ရဲ့ လက်ပါးစေ အချို့နဲ့ လက်နက်ပွဲစားအချို့ကို အမေရိကန်က ပိတ်ဆို့အရေးယူမှုပြုလုပ်
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၂
အကြမ်းဖက်စစ်တပ်ရဲ့ လက်ပါးစေဖြစ်တဲ့ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌတို့အပါအဝင် လက်နက်ပွဲစား အချို့ကို အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေပြုလုပ်တယ်ဆို ပြီး သတင်းထုတ်ပြန်လိုက်ပါတယ်။
အရေးယူတဲ့သူတွေကို “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရအရေးယူတာဖြစ်ဆိုပြီးတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားသူကြီးချုပ် ထွန်းထွန်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် သီတာဦးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ တင်ဦးတို့က ရာထူးကိုအသုံးပြုပြီး နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးယုတ်လျော့စေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေ ချိနဲ့ဆုတ်ယုတ်စေရန် စစ်အာဏာရှင်အတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့အရေးယူတာဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ အဲဒီသုံးယောက်ကိုပဲ ကနေဒါနဲ့ ယူကေအစိုးရကလည်း ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေလုပ်ထားပါ သေးတယ်။
နာမည်ကျော်လက်နက်ပွဲစားဖြစ်တဲ့ တေဇကတော့ ကိုယ်တိုင်သာမကဘဲနဲ့ သားဖြစ်သူတွေပါ လက်နက်ပွဲစားလုပ် ခိုင်းလို့ သားဖြစ်သူတွေလည်း ပိတ်ဆို့အရေးယူတဲ့စားရင်းထဲ ပါဝင်လာတာ တွေ့ရပါတယ်။ ထူးထက်တေဇနဲ့ ပြည့် ဖြိုးတေဇတို့က အကြမ်းဖက်စစ်တပ်လက်နက်ဝယ်ယူရေးမှာ ပွဲစားလုပ်ပေးလို့ပိတ်ဆို့အရေးယူတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် အာဏာသိမ်းပြီးမှ မီဒီယာတွေထက်မှာ လက်နက်ပွဲစားလို့ နာမည်ကြီးလာတဲ့ ဂျော်နသန်မျိုးကျော် သောင်းနဲ့ သူ့ကုမ္ပဏီဖြစ်တဲ့ KT Services and Logistics (KTSL) ကုမ္ပဏီလီမီတက်တို့ကိုလည်း လက်နက်ပွဲစား လုပ်မှုနဲ့ ပိတ်ဆို့အရေးယူတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ၁,၅၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီး အစိုးရအရာရှိတွေ၊ အရပ်ဘက်နဲ့ အလုပ်သမားရေးတက်ကြွလှုပ်ရှား သူတွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံခြားသားတွေအပါအဝင် လူပေါင်း ၁၀,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်း ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူတွေကို ရက်စက်စွာနဲ့ မီးရှို့သတ်ဖြတ်ခဲ့တာတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီပေးရေးဝန်ထင်္မးတွေကို သတ်ဖြတ်မှုတွေအတွက် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရမယ့်အရေးကိုလည်း ဆက်လက်လုပ် ဆောင် မယ်လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။