အကြမ်းဖက်စစ်တပ်ရဲ့ မြေပြင်တပ်က PDF စခန်းကို ဝင်စီး၊ သတင်းကြိုရလို့ PDF တွေက ဆုတ်ခွာထား၊ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်တွေက PDF စခန်းဆိုပြီး ဗုံးကြဲလို့ အကြမ်းဖက်စစ်သားတွေ သေကြေဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ မြေပြင်တပ်က PDF စခန်းကို ဝင်စီး၊ သတင်းကြိုရလို့ PDF တွေက ဆုတ်ခွာထား၊ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်တွေက PDF စခန်းဆိုပြီး ဗုံးကြဲလို့ အကြမ်းဖက်စစ်သားတွေ သေကြေဒဏ်ရာရ
ဇန်နဝါရီ ၁၃ ၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ မရသိမ်ကျေးရွာမှာရှိတဲ့ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (ထီးဖြူတပ်ဖွဲ့) ကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီနင်းခဲ့သော်လည်း သတင်းကြိုရတဲ့အတွက် ထီးဖြူတပ်ဖွဲ့က ကြိုတင်ရှောင် ရှားနိုင်ခဲ့ပြီးတော့ အကြမ်းဖက်လေတပ်က ဗုံးကြဲတဲ့အခါမှာ သူတို့လူတွေပဲ ပြန်ထိခဲ့တယ်လို့ ထီးဖြူတပ်ဖွဲ့က သိရပါတယ်။

ဒီနေ့မွန်းလွဲပိုင်းလောက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်က ဗုံးကြဲပြီး စခန်းကို သိမ်းပိုက်ဖို့ လုပ်ခဲ့ပေမယ့် စခန်း မှာ ဝင်စီးထားတဲ့ အကြမ်းဖက်စစ်သားတွေပဲ ထိခိုက်ဒဏ်ရာရခဲ့တာပါ။

“နေခင်း ၁ နာရီအချိန်လောက်က ကျွန်တော်တို့ ရှိနေတဲ့ဘက်ထင်ပြီး အရိုးတောင်ဘက်ကို ဗုံးကြဲတာ။ လေတပ် က စစ်ကောင်စီကို ဗုံးပြန်ကြဲတာ။ ညနေလောက်မှာ ထီးချိုင်မြို့နယ် လူမှုကူညီရေးကားတွေ လာတာ တွေ့ရ တယ်။ အခု ဒေသခံတွေက အကုန်ပြေးနေရပြီ။ တူမီးတို့ လက်လုပ်လေးတွေနဲ့ တိုက်ရတော့ လက်နက်ကမမျှ တော့ အခုဆုတ်ခွာနေရတယ်။ ရဲဘော်တစ်ဦးတော့ အသေးစား ထိခိုက်ဒဏ်ရာရတယ်” လို့ ထီးဖြူတပ်ဖွဲ့ဝင် တစ်ဦးက Mizzima သတင်းဌာနကို ပြောကြားထားတာတွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က အင်အား ၈၀ လောက်နဲ့ မြေပြင်စစ်ဆင်ရေးလုပ်နေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တွေကို မနိုင်တာကြောင့် လေကြောင်းပစ် အကူအညီယူပြီး စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်တပ်က နယ်မြေစိုးမိုးမှုမရတော့တဲ့အတွက် တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ – ၇၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့ပွဲကို ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (ထီးဖြူတပ်ဖွဲ့)တွင်ပြုလုပ်နေစဉ်
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.