အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် သတင်းရယူနေတဲ့ သတင်းသမား/ ကဗျာဆရာ တစ်ဦးသေဆုံး
ဒီဇင်ဘာ ၂၆
အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၂၅ ရက်မှာ လေယာဉ်တွေနဲ့ ရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သတင်းရယူနေတဲ့ သတင်းသမား/ကဗျာဆရာ တစ်ဦး သေဆုံးခဲ့ရပါတယ်။
မနေ့က မွန်းလွဲ ၁ နာရီခွဲလောက်အချိန်မှာ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့တာမှာ ထီးမယ်ဝါးခီးရွာထဲ ဗုံးတွေကျခဲ့တာကြောင့် ရွာသားများသေဆုံးမှုဖြစ်ပွားခဲ့ပြီး အဲဒီအထဲမှာ သတင်းသမားတစ်ဦး ပါဝင်ခဲ့တာပါ။
သေဆုံးသွားတဲ့သူက ကိုအေစိုင်းကေဖြစ်ပြီးတော့ ကဗျာဆရာ၊ အယ်ဒီတာ၊ သတင်းသမားတစ်ဦးပါ။ လက်ရှိမှာတော့ ဖက်ဒရယ်ဂျာနယ်မှာ အယ်ဒီတာအဖြစ် လုပ်ကိုင်နေတဲ့သူလည်းဖြစ်ပါတယ်။
“လက်နက်ကြီး အနားမှာကျပြီး ကျနော်မိတ်ဆွေတဦးကျဆုံးတယ်။ ညီလေးတဦး ခြေထောက်ပြတ်သွားတယ်။ ကျနော်ဒဏ်ရာက မပြောပလောက်ပါဘူး။အေစိုင်းကေနဲ့ လူစုကွဲသွားတယ်။” လို့ အတူထွက်ပြေးခဲ့တဲ့သူတစ်ဦးက ရေးထားပါတယ်။
အကြမ်းဖက်စစ်တပ်က လက်ရှိအချိန်မှာ သတင်းသမား ၄၁ ဦးကို ဖမ်းဆီးထားပါတယ်။
“လွှမ်းရုံတို့ အုပ်စုမှာ သူက အငယ်ဆုံး။ ကဗျာဆရာကနေ အယ်ဒီတာလိုင်းဘက်ရောက်လာတာ။” လို့ အတူခင်ခဲ့တဲ့သူက မှတ်ချက် ပေးပါတယ်။
#SpringRevolution
#PVTV
#PVTVNews