အကြမ်းဖက်စစ်တပ်ရဲ့ တာဝန်ရှိသူအားလုံးကို အရေးယူရေးဖို့နဲ့ နိုင်ငံ တကာရာဇဝတ်ခုံရုံး(ICC) ကို လွှဲပြောင်းပေးဖို့ ကုလ လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် အမျိုးသားညီညွတ်ရေးအစိုးရ ကြိုဆို

အကြမ်းဖက်စစ်တပ်ရဲ့ တာဝန်ရှိသူအားလုံးကို အရေးယူရေးဖို့နဲ့ နိုင်ငံ တကာရာဇဝတ်ခုံရုံး(ICC) ကို လွှဲပြောင်းပေးဖို့ ကုလ လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် အမျိုးသားညီညွတ်ရေးအစိုးရ ကြိုဆို
ဇူလိုင် ၉ ၊ ၂၀၂၂

အကြမ်းဖက်စစ်တပ်ရဲ့ တာဝန်ရှိသူတွေအားလုံးကို အရေးယူဖို့နဲ့ နိုင်ငံ တကာရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းပေးဖို့ အတွက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုတယ်ဆိုပြီး လူ့အခွင့် အရေးဆိုင်ရာဝန်ကြီးဌာနက ဇူလိုင် ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အကြိမ် ၅၀ မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်းက ရိုဟင် ဂျာမူဆင်လင်တွေနဲ့ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ထောက်ခံကြိုဆို လိုက်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသားလူနည်းစုတွေအပေါ် သမိုင်းဝင်ချန် လှပ်ထားခဲ့တဲ့ ခွဲခြားဆက်ဆဲတဲ့ မူဝါဒတွေ၊ အလေ့အထတွေနဲ့ ကတိကဝတ်တွေက ရက်စက်ကြမ်းကြုတ်မှုတွေဖြစ်ပေါ် လာစေတဲ့ အခြေခံ အုတ်မြစ်ဖြစ်ခဲ့တာကို ရှက်ရွံ့ဖွယ်ရာ ကိစ္စကြီးတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ (Crimes against Humanity) နဲ့ စစ်ရာဇဝတ် မှုတွေ (War Crimes) တွေ ကျူးလွန်နေတယ်ဆိုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ မြန်မာ့လူ့အခွင့် အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့ တင်ပြခဲ့တာကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ မြန်မာပြည်သူတွေရဲ့ ပြတ်သားတဲ့ ထောက်ခံမှုတွေနဲ့ ဒီမိုကရေစီ အရေးမျှော်မှန်းချက်တွေကို သိသာစွာဖော်ပြထားခြင်း မရှိဘူးလို့လည်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.