အကြမ်းဖက်စစ်တပ်မှာ သူရဘွဲရထားသူတစ်ဦး လက်နက် ခဲယမ်းအပြည့်အစုံနဲ့ CDM ပြုလုပ်

အကြမ်းဖက်စစ်တပ်မှာ သူရဘွဲရထားသူတစ်ဦး လက်နက် ခဲယမ်းအပြည့်အစုံနဲ့ CDM ပြုလုပ်
◾️ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေလို့ တာဝန်မထမ်းဆောင်လိုတာကြောင့် CDM ပြုလုပ်ရတာလို့ပြော
ဇူလိုင် ၁၅ ၊ ၂၀၂၂

အကြမ်းဖက်စစ်တပ်မှာ သူရဘွဲ့ရထားပြီး ရဲတပ်ဖွဲ့ကို ကူးပြောင်းခဲ့သော ဒုတပ်ကြပ်တစ်ဦးက လက်နက် ခဲယမ်းအပြည့် အစုံနဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ မူတြော်ခရိုင်အတွင်းမှာ CDM ပြုလုပ်လာခဲ့တယ်လို့ မူတြော်ခရိုင်က သတင်းထုတ် ပြန်လိုက်ပါတယယ်။

ဖာပွန်မြို့ အခြေစိုက် ရဲစခန်းရဲ့ ရဲဒုတပ်ကြပ် ဇေယျာ (လ-၂၇၂၃၃၂) က ဇူလိုင် ၃ ရက်မှာ (V8-63)အမျိုးအစား မောင်းပြန်ရိုင်ဖယ်တစ်လက်နဲ့အတူ ကျည်(၁၁၄)တောင့်အပြင် လက်ပစ်ဗုံး(၂)လုံး၊ ဓားမြောင်(၂)လက်ယူဆောင်လာခဲ့ပြီး CDM ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မူတြော်ခရိုင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အကြမ်းဖက်စစ်တပ်တွေက ပြည်သူ့အာဏာကိုမတရားသိမ်းဆည်းတယ်။ အပြစ်မဲ့ပြည်သူတွေကို လည်းမတရားဖမ်း ဆီးနှိပ်စက်သတ်ဖြတ်နေတာတွေကို သိနေမြင်နေရတော့ ဒီအဝန်းအဝိုင်းထဲမှာ ဘယ်လိုမှတာဝန်မထမ်းဆောင်ချင် တော့ဘူး” လို့ CDM ပြုလုပ်လာသူ ရဲဒုတပ်ကြပ် ဇေယျာကပြောပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ၎င်းက ရဲတပ်သားမဖြစ်လာခင် အကြမ်းဖက်စစ်တပ်မှာ ၁၃ နှစ်ကြာ သာမန်တပ်သားတစ်ဦးအဆင့် (ကိုယ်ပိုင်အမှတ် တ – ၃၆၇၄၆၆ )နဲ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကိုးကန့်ဒေသ ကိုးကန့်စခန်း ၂ နေရာဖြစ်တဲ့ ပွိုင့် ၄၅၂၇ နဲ့ သံခမောက်ကုန်းစခန်းတွေကို တက်သိမ်းရာမှာ ထူးချွန်ခဲ့လို့ သူရဘွဲ့ ရရှိထားသူဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။

“ကျွန်တော့်ရဲ့မှန်ကန်တဲ့ရွေးချယ်မှုအတွက်ကိုတော့ ဘယ်တော့မှနောင်တရနေမှာမဟုတ်ဘူး။ ဒီဖက်တော်လှန်‌ရေး အဖွဲ့အစည်းကလည်း နွေးနွေးထွေးထွေးနဲ့ကြိုဆိုလက်ခံ ကျွေးမွေးစောင့်ရှောက်ပေးတယ်။ ကျန်နေခဲ့တဲ့ ရဲဘော်ရဲဘက်အားလုံးကိုပြောချင်တယ်။ ထွက်လာပါ မရရအောင်နည်းလမ်းရှာကြံပြီးရုန်းထွက်ပါ။ ဘာမှစိုးရိမ် ကြောက်လန့်နေစရာမလိုဘူး။ လှိုက်လှဲပြူငှာစွာနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ကြိုဆိုလက်ခံနေပါတယ်။” လို့ CDM ပြုလုပ်လာသူ ရဲဒုတပ်ကြပ် ဇေယျာကပြောပါတယ်။

စစ်ဘက်ကနေ ရဲဘက်ကိုပြောင်းပြီးတဲ့အခါမှာ ၂၀၁၈ခုနှစ်မှာ ရ န်ကုန်တိုင်း၊ လှော်ကားရဲတပ်ရင်းအမှတ်(၈)မှာ သင်တန်းပြီးမြောင်အောင်မြင်ပြီးနောက် ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ် ရဲတပ်ရင်းအမှတ်(၆)မှာ တာဝန်ထမ်း ဆောင်ခဲ့ကာ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့မှစတင်ပြီး ဖာပွန်မြို့ ရဲလုံခြုံရေးဌာနမှာ ရဲဒု-တပ်ကြပ် အဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာလို့ ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.