အကြမ်းဖက်စစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုတွေ မလုပ်တော့ဘူးလို့ ဂျပန်နိုင်ငံက ကြေညာ

အကြမ်းဖက်စစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုတွေ မလုပ်တော့ဘူးလို့ ဂျပန်နိုင်ငံက ကြေညာ
စက်တင်ဘာ ၂၁ ၊ ၂၀၂၂

အကြမ်းဖက်စစ်တပ်နဲ့ စက်ဘက်ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုတွေကို မလုပ်ဆောင်တော့ဘဲ ရပ်ဆိုင်းထားတော့မယ်လို့ ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါပေမယ့်လည်း လက်တလော ဂျပန်အမျိုးသားကာကွယ်ရေး အကယ်ဒမီနဲ့ ဂျပန်ကာကွယ်ရေးဌာနတွေမှာ လေ့ကျင့်သင် ကြားခွင့် ရရှိနေတဲ့ ဗိုလ်လောင်း ကိုးဦးနဲ့ အရာရှိနှစ်ဦးကိုမူ အစီအစဉ်တွေ ပြီးဆုံးတဲ့အထိ လက်ခံထား ရှိသွားမှာဖြစ် တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တာကာရှီ အေအိုကီက အကြမ်းဖက်စစ်တပ်ရဲ့ လက်ရှိပုံစံက စစ်ဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖလှယ်မှုတွေကို ဆက်လုပ်ဖို့ မသင့်တော်ဘူးလို့ ဆုံးဖြတ်ထားတဲ့အကြောင်း ပြောကြား ထားပါတယ်။

ဂျပန်အစိုးရက ကာကွယ်ရေးတပ်ဖွဲ့ ဥပဒေတွေအရ လေ့ကျင့်သင်ကြားတာနဲ့ ပညာပေးတာတွေကို ပြုလုပ်နေတာဖြစ် ပြီ့းတော့ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်မှာကို အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်လောင်း ၂ ဦးနဲ့ အရာ ရှိ ၂ ဦး ကို လက်ခံခဲ့သလို ၂၀၂၂ ခုနှစ်မှာလည်း အလားတူပုံစံအတိုင်း လက်ခံခဲ့တာပါ။

လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ကတော့ အခုလို ပြုလုပ်တာကို ကြိုဆိုခဲ့ပြီး ဂျပန်နိုင်ငံ အနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေကို အရေး ယူ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့အတွက်ပါ အကြံပေးထားပါတယ်။

လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့အနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ လေ့ကျင့်ရေးအစီစဉ်တွေကို ဂျပန်နိုင်ငံအနေနဲ့ ချက်ခြင်း ရပ်ဆိုင်းသင့်တယ်ဆိုပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်က ဒုဗိုလ်မှူးကြီး လွှမ်းမိုးက ၂၀၁၆ ခုနှစ် ဩဂုတ်လကနေ ၂၀၁၇ ခုနှစ် မတ်လအထိ ဂျပန် လေတပ်မှာ သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး လက်ရှိမှာ မကွေလေတပ်စခန်းမှာ တာဝန်ကျနေတာဖြစ်ပြီးတော့ အရပ် သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာမှာ ပါဝင်သူလည်းဖြစ်တယ်လို့ Human Rights Watch နဲ့ Justice For Myanmar က ထောက်ပြထားပါတယ်။

ဒါအပြင် Human Rights Watch နဲ့ Justice For Myanmar ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ အကြမ်းဖက်စစ်တပ်ရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှာ တာဝန်ကျနေတဲ့ ဗိုလ်ချုပ်တင်စိုးကလည်း ဂျပန်နိုင်ငံမှာ သင်တန်ဆင်းခဲ့တာဖြစ်ပြီးတော့ ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ခရစ္စမတ်အကြို အစုလိုအပြုံလိုက် သတ်ဖြတ်မှုရဲ့ တာဝန်ရှိသူထဲ ပါဝင်ပတ်သတ် ထားတယ်လို့ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.