အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်မှာ ဘက်ပေါင်းစုံကနေ ကျဆုံးဖို့ရှိတယ်လို့ ဗေဒင်နက္ခတ် ကျွမ်းကျင်သူများက တညီတညာတည်း ဟောကိန်းထုတ်ထား

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်မှာ ဘက်ပေါင်းစုံကနေ ကျဆုံးဖို့ရှိတယ်လို့ ဗေဒင်နက္ခတ် ကျွမ်းကျင်သူများက တညီတညာတည်း ဟောကိန်းထုတ်ထား
ဇန်နဝါရီ ၃ ၊ ၂၀၂၂

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ရှိ ၂၀၂၂ အတွင်းမှာ ဘက်ပေါင်းစုံကနေ ကျဆုံးဖို့ ရှိတယ်လို့ ဗေဒင်ဆရာ၊ နက္ခတ်ဗေဒဆရာတွေနဲ့ မဟာသင်္ကြန်စာတွေက တညီတညာတည်း ဟောကိန်းထုတ်ထားတာကို တွေ့ရပါတယ်။

ကြံခိုင်ရေးအသိုင်းအဝန်း၊ စစ်တပ်အသိုင်းအဝန်းနဲ့ အလွန်နီးစပ်တဲ့ နက္ခတ်ဗေဒင်ဆရာ ဇေယျာကို ကလည်း ဒီဇင်ဘာလ အလယ် လောက်ကတည်းက အခုလို ဟောကိန်းမျိုးထုတ်ထားသလို အခြားနက္ခတ်ဗေဒကျွမ်းကျင်တဲ့ ဆရာတွေ၊ ဗေဒင်ဆရာတွေအပြင် ဒီနှစ် အတွက် ထွက်ရှိထားတဲ့ မန္တလေးမဟာသင်္ကြန်စာမှာလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ဘက်ပေါင်းစုံက နေ ကျဆုံးဖို့ရှိနေတယ်လို့ တညီတညာတည်း ဟောပြောထားတာ တွေ့ရပါတယ်။

ဇေယျာကို(နက္ခဥယျာဉ်)ကတော့ “လာမည့်၂၀၂၂မတ်လ၁ရက်နေ့အနီးနားတွင် မကာရရာသီတွင် တနင်္လာ-အင်္ဂါ-ဗုဒ္ဓဟူး-သောကြာ-စနေ-ပလူတိုဂြိုဟ်များ ရပ်တည်မှုနှင့် ကုမ်ရာသီတွင် တနင်္ဂနွေ+ကြာသပတေးဂြိုဟ်ရပ်တည်မှုမှာ ထူးခြားလှသည်။ ၂၀၂၂၊ ဧပြီလ၅ရက်နေ့တွင် အင်္ဂါနှင့်စနေဂြိုဟ်များ နက္ခတ်၂၂လုံး၁ပါဒ်တွင် ဂြိုဟ်စစ်ထိုးမည်။ မေလ၃၀ရက်နေ့တွင် အင်္ဂါနှင့်ကြာသပတေး ဂြိုဟ်များနက္ခတ်၂၅လုံး၁ပါဒ်တွင် ဂြိုဟ်စစ်ထိုးမည်။ မေလ ၁ရက်နေ့တွင် မြန်မာ့လွတ် လပ်ရေးဇာတာရှိ ရာဟု-ကိတ် ဝင်ရိုးတန်းပေါ်တွင် နေကြတ်မည်(မြန်မာမမြင်)၊မေလ၁၆ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးဇာတာရှိ ဗြိစ္ဆာလဂ်ပေါ်တွင် လကြတ်မည်(မြန်မာမမြင်)၊ လကြတ်ရာတွင် တနင်္လာ နိစ်နက္ခတ် ၁၅လုံး၃ပါဒ်၊ ကိတ်နက္ခတ်၁၅လုံး၂ပါဒ် ဖြစ်သဖြင့် ထိုကာလတိုင်းပြည်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်တစ်ဦးရောက်ရှိရာ နက္ခတ်၁၅လုံး၃ပါဒ်ပေါ်တွင် ဖြစ်သည့်အတွက် အထူးသတိပြုရမည့် ကာလဖြစ်သည်။ ထိုနက္ခတ်မှာ တနင်္လာစားနဝင်းနက္ခတ် ဖြစ်သဖြင့် မွေးဖွားချိန် အင်္ဂါနိစ်ဂြိုဟ်ထိုရာသီရပ်တည်ပါက အလွန်ညံ့သောကာလဖြစ်သည်။မွေးဖွားစဉ် အင်္ဂါနိစ္စဘင်္ဂရာဇယုဂ်ရရှိသူပင်ဖြစ်သော်ငြား လည်း အဆုံးသတ်တွင်အင်္ဂါ နိစ်အတွက် ပျက်စီးခြင်းအကျိုးကို ဖြစ်စေနိုင်၏။” လို့ ဒီဇင်ဘာလ အလယ်လောက်ကတည်းက ဟောကိန်းထုတ် ထားခဲ့တာပါ။

နက္ခတ္တဗေဒကျွမ်းကျင်သူတစ်ဦးကလည်း ဇန်နဝါရီလဆန်းကနေ လအလယ်လောက်အထိ အကြမ်းဖက်စစ်ကောင်စီတပ် တွေ အများအပြားကျဆုံးမယ့်ကာလဖြစ်ကြောင်းနဲ့ ဇန်နဝါရီလ အလယ်မှာပဲ အကြမ်းဖက်စစ်ကောင်စီက သံတမန်အရေး အပြောင်းအလဲ ပြုလုပ်နိုင်ကြောင်း၊ အဲဒီအချိန်ကာလအပိုင်းအခြားမှာပဲ ပြည်သူတွေအနေနဲ့ အလွန်အားတက်စေမယ့် စကားတွေကို စတင်ကြားရမှာဖြစ်တယ်လို့ ဟောပြောထားပါတယ်။

ဒါအပြင် ပြည်သူတွေဘက်ကို ပြည်ပရဲ့ ကူညီထောက်ပံ့မှုတွေ ရလာမှာဖြစ်သလို ဖေဖော်ဝါရီနဲ့ မတ်လတို့မှာတော့ စစ်မက် ရေးရာနဲ့ သံတမန်ရေးရာ အလွန်အားကောင်းတဲ့ အခြေအနေတွေ ထိတွေ့မှုတွေကို ကြုံတွေ့ရနိုင်တယ်လို့ ဟောပြောထား ပါတယ်။

သူရိယသိဒ္ဓန္တ (Vashishttha Siddhanta) ကျမ်းကို အခြေပြုပြီးလေ့လာမှုတွေလုပ်နေတဲ့ နက္ခတ်ပညာရှင်တစ်ဦးကမူ “လက်ရှိနှစ်က နက္ခတ်အပြောင်းအလဲတွေ သိပ်များတယ်။ ပြည်သူတွေရဲ့ အားကောင်လာမှုကို ဖေဖော်ဝါရီမှ စတွေ့ရမယ်။ မတ်လမှာ တော့ စစ်မက်ရေးရာ အလွန်အားကောင်းနေတယ်။ ဧပြီလအလယ်လောက်အထိ စစ်မက်အားအရမ်းကောင်းနေတယ်။ ဧပြီလ တတိယ အပတ်လောက်ကစပြီးတော့ ထိပ်ပိုင်းနေရာ အပြောင်းအလဲတွေရှိတယ်။ ကျဆုံးတယ်ဆိုတဲ့အသုံးအနှုန်းထက် ပျက်ဆီးသွား မယ်ဆိုတဲ့ အသုံးအနှုန်းကို သုံးရမယ်။ နက္ခတ်တွေနဲ့ စန်းယှဉ်ပြီးပြောရမယ်ဆိုရင် ပျက်ဆီးမယ်သူအနား ကပ်နေရင်တော့ အဲဒီ သူဆီကိုပါ ပျက်ဆီးချင်းဓာတ်တွေ ကူးစက်တာခံရမယ်” လို့ဆိုပါတယ်။ သူက ခရစ်ရှားမူတီးပတ္တတိံလို့ ခေါ်တဲ့ အိန္ဒိယတောင်ပိုင်းနက္ခတ်ဗေဒင်ပညာကိုလည်း လေ့လာဆည်းပူးနေသူပါ။

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်အတွက်ဟောထားတဲ့ မန္တလေးမဟာသင်္ကြန်စာအရတော့ မင်းနဲ့ မိဖုရား အပေါင်းပါတစုအနေနဲ့ ဘေးဥပါဒ်အန္တရာယ်ကျရောက်မယ်ဆိုတာနဲ့ ရဟန်းပညာရှိ၊ မင်းပညာရှိတွေအကြား ပဋိပက္ခတွေဖြစ်မယ်လို့ ဆိုထားပါတယ်။ ယေဘူယျပြောရမယ်ဆိုရင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မင်းလို့ မတွက်သင့်ပေမယ့် လက်ရှိအချိန်မှာ နိုင်ငံ ရဲ့အမြင့်ဆုံးအာဏာကို လုယူထားတာကြောင့် ပျက်ဆီးမယ့်ကိန်းတွေက မင်းအောင်လှိုင်နဲ့အပေါင်းပါတစုဆိုတာကို တွေ့ရမှာ လည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.