အကြမ်းဖက်စစ်တပ်က ဟားခါးမြို့နယ်ထဲက ချွန်ကျုံးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီး
ဇူလိုင် ၁၅ ၊ ၂၀၂၂
အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာကို ဒီနေ့မှာ ဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ ဖျက်ဆီးမှု ပြုလုပ်ခဲ့ရာ နေအိမ် ၁၅ လုံးအထိ မီးလောင်ပျက်စီးခဲ့တယ်လို့ The Chin Journal က ရုပ်သံဖိုင်နဲ့ ဖော်ပြလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်က ဇူလိုင် ၁၄ ရက် (မနေ့က) ညမှာ နေအိမ် ၄ လုံးကို မီးရှို့မှုပြုလုပ်ခဲ့ပြီးနောက် ဒီနေ့မနက်မှာ ထပ်ပြီးတော့ နေအိမ် ၁၁ လုံးကို မီးရှို့မှုပြုလုပ်ခဲ့တာပါ။
The Chin Journal ဖော်ပြချက်မှာတော့ ချွန်ကျုံးကျေးရွာအဝင်မှာ ချင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွာနေပြီးတော့ ချင်းပူးပေါင်းတပ်မှာ ဟားခါးချင်းကာကွယ်ရေးတပ် (CDF) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဲဘော် ဆလိုင်းဗျက်နှင်း ကျဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်အတွင်းမှာ နယ်မြေကျူးကျော်စစ်ကို ဖော်ဆောင်နေတာဖြစ်ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ခုခံတော်လှန်စစ်ကို ဆင်နွဲနေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်က စပြီးတော့ ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး အ ကြမ်းဖက်စစ်တပ်ဘက်က သေဆုံးမှုတွေ များပြားနေပါတယ်။
ရုပ်သံ – The Chin Journal
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။