အကြမ်းဖက်စစ်တပ်က သူတို့ကိုထောက်ခံတဲ့ သူတွေကိုပါ လူသားဒိုင်းလုပ်နေ၊ ပြည်သူ့ကာကွယ်ရေး တပ်တွေက ပြည်သူချင်း ခွဲခြားမှု မပြုလုပ်ဘဲ လူသားဒိုင်းပါလာရင် တိုက်ခိုက်မှု မလုပ်ဟု ဗိုလ်နဂါးပြော

အကြမ်းဖက်စစ်တပ်က သူတို့ကိုထောက်ခံတဲ့ သူတွေကိုပါ လူသားဒိုင်းလုပ်နေ၊ ပြည်သူ့ကာကွယ်ရေး တပ်တွေက ပြည်သူချင်း ခွဲခြားမှု မပြုလုပ်ဘဲ လူသားဒိုင်းပါလာရင် တိုက်ခိုက်မှု မလုပ်ဟု ဗိုလ်နဂါးပြော
ဇန်နဝါရီ ၁၃ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဓားစာခံအနေနဲ့ လူသားဒိုင်းလုပ်တဲ့အခါမှာ ပြည်သူတွေမရရင် သူတို့ကို ထောက်ခံတဲ့ ပြည်သူ တွေကို အသုံးပြုတာတွေလုပ်နေတယ်လို့ဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ပြည်သူကို ပြည်သူလို့ သတ်မှတ် ထားတဲ့အတွက်ကြောင့် လူသားဒိုင်းပါရင် တိုက်ခိုက်မှုတွေမလုပ်တော့ဘဲနဲ့ အသာစီးရမယ့် စစ်ရေးတွေကို လက်လွှတ်ဆုံးရှုံးခံ လိုက်ရတာတွေရှိတယ်လို့ မြန်မာတော်ဝင်နဂါးတပ် အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြောကြားလိုက်ပါတယ်။

“တချို့ကိစ္စတွေမှာ လုံးဝလက်လွှတ် လိုက်ရတဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်။ တချို့ကပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တော့မယ့် အနေအထားဖြစ်နေ တာတောင်မှ ပြည်သူတွေပါလာနေတဲ့အတွက်။ သူတို့က တခုရှိတာက ဘယ်ပြည်သူမှမရဘူးဆိုရင် သူတို့ကို ထောက်ခံတဲ့ သူတို့လူကိုလည်း ပြန်ပြီးတော့ ဟန်ပြဓားစားခံလုပ်လာတာဗျ။ ဒါပေမယ့် မျက်နှာတွေတော့မြင်တယ်။ ဒီလူတွေက ဘယ်အသိုင်းအဝန်းထဲက ဒီလူတွေကတပ်ထောက်ခံတဲ့သူတွေ ဘာတွေဆိုတာ ကျနော်တို့လည်း သိတော့သိတယ်။ သိပေမယ့်လည်း ဒါတွေလုပ်လိုက်ရင် ပြည်သူထဲက ပြည်သူပါပဲ။ အသိအားနည်းလို့ ဒီကောင်တွေရဲ့ အသုံးချတာခံရပေမယ့်လို့ ဒီလူတွေကို ရက်ရက်စက်စက်လုပ်လိုက်ရင် သိပ်ပြီး တော့ အဆင်မပြေတဲ့ ခံစားချက်တွေ ရှိနေတဲ့အတွက် ကျနော်တို့ဘက်ကတော့ ရွေးတယ်။ မလုပ်ဖြစ်ဘူး။ ဓားစားခံပါလာရင် စိတ်နာနေတာကို တပ်ထောက်ခံတာ မထောက်ခံတာတွေ ကျနော်တို့အနေနဲ့ မရွေးတော့ဘူး။ မလုပ် ဖြစ်တာများတယ်။ အဲဒီလိုဆိုတော့ တချို့ဟာတွေက အခက်အခဲအများကြီးထဲကနေ ကြိုး စားရပါတယ်ဆိုမှ အဲဒီအနေအထားကြောင့် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အနေအထားတွေက တော်လှန်ရေးကို အများကြီးထိခိုက်စေတယ်ဗျ။” လို့ မြန်မာတော်ဝင်နဂါးတပ် အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြည်တွင်းသတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်တာပါ။

အကြမ်းဖက်စစ်တပ်အနေနဲ့ မြေပြင်အနေအထားမှာ ဘယ်လိုနည်းနဲ့မှ စိုးမိုးဖို့ မဖြစ်နိုင်တော့အဆုံးမှာ တနေရာကနေ တနေရာကို ကူးပြောင်းတဲ့အခါ ပြည်သူတွေကို ဓားစာခံတွေအနေနဲ့ လူသားဒိုင်းတွေအဖြစ် အသုံးပြုပြီးတော့မှ ရွေ့လျားမှုတွေလုပ်နေတာပါ။

မြေပြင်တိုက်ပွဲဖြစ်တဲ့အခါ တင့်ကားပဲလာလာ၊ သာလွန်လက်နက်ပဲဖြစ်ပါစေ ကြောက်ရွံ့မှုကို မရှိတာဆိုပြီးတော့လည်း ဗိုလ်နဂါးက ပြောကြားထားပါသေးတယ်။

ပြည်သူတွေကို ဓားစာခံအဖြစ်ထားပြီး လူသားဒိုင်းလို အသုံးပြုနေတဲ့အပေါ်မှာလည်း ဗိုလ်နဂါးက “လူယုတ်မာတွေရဲ့ လုပ်ရပ်လို့ပြောရမှာပဲ။ လုပ်ယုတ်မာတွေ သွေးကြောင်တဲ့သူတွေရဲ့ လုပ်ရပ်ဘဲ။ ကိုယ်ဘက်က လက်နက်လည်း အသာစီးယူထားတယ်။ ရဲရဲဝင့်ဝင့် စစ်ရေးကို စစ်ရေးအခင်းအကျင်းပေါ်မှာရှိနေတဲ့လူအချင်း ချင်း ရှင်းရမယ့်ကိစ္စမှာ မဆိုင်တာ ဆွဲထည့်ပြီးတော့ ဓားစားခံလုပ်တာပဲ။ မသန်စွမ်းတဲ့ ပြည်သူတွေရော၊ မပြေးနိုင် တဲ့ ပြည်သူတွေရော အားလုံးကို ယူပြီးတော့ အကာအကွယ်အဖြစ်အသုံးချတာပဲ။ ဒါက လူယုတ်မာနည်းလမ်းလို့ ပဲကျနော်မြင်တယ်။ သူရဲဘောကြောင်တဲ့လူတွေရဲ့ လုပ်ရပ်လို့ပဲမြင်တယ်။” လို့ ပြောကြားထားပါတယ်။

အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက်မှုတွေလုပ်တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ဓားစာခံအဖြစ် လူသားဒိုင်းအသုံးပြုခံဖို့ဖြစ်လာရတဲ့အပေါ်မှာတော့ ပြည်သူတွေကို အပြစ်မမြင်ရက်ဘူးလို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ ရုန်းကြွမှုအောက်မှာ အကြမ်းဖက်စစ်တပ်က ကျရှုံးနေပြီးတော့ ပြည်သူ့ရန်သူဖြစ်နေတဲ့ အချက်က အကြမ်းဖက်စစ် တပ်ကို လုံးဝကျရှုံးစေမယ့် အချက်ဆိုပြီး ဖြေကြားထားတာ တွေ့ရပါတယ်။

#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.