အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းနေရ

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းနေရ
ဇူလိုင် ၁၂ ၊ ၂၀၂၂

KNU-ကျိုက်ထိုမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါ တယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေက ဇီးပြောင်းကျေးနယ်အုပ်စုနဲ့ ပျဉ်းကတိုးကုန်းကျေး နယ်အုပ် စုတွေက ပြည်သူတွေဖြစ်တယ်လို့ KNU ဗဟိုက ပြောထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ သိမ်ဇရပ် အမြှောက်တပ်က ဇူလိုင် ၉ ရက် ည ၁၀ နာရီဝန်းကျင်အချိန်မှာ ၁၂၀ မမ လက်နက် ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာကြောင့် ဇီးပြောင်းကျေးနယ်အုပ်စုရဲ့ ကညင်အိုင်၊ ကျောက်ရေတွင်း၊ ဇီး ပြောင်းကျေးရွာတွေက ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

အဲဒီလိုပဲ ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီကျော်မှာ ပျဉ်းကတိုးကုန်းကျေးနယ် ရွှေဖြူအနီးမှာ အကြမ်းဖက်စစ်တပ်က ၈၁ မမ လက်နက်ကြီးနဲ့ ၃ ချက် ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်မှု မရှိခဲ့ပေမယ့်လည်း ရမ်းသမ်းပစ်ခတ်နေမှုကို စိုးရိမ်ထိတ်လန့်လို့ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.