အကြမ်းဖက်စစ်တပ်က ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုပြုလုပ်ရာ PDF တွေက မီးငြိမ်းသတ်ပေး
ဇန်နဝါရီ ၂၄ ၊ ၂၀၂၃
အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတွေကို ဇန်နဝါရီ ၂၃ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေက မီးငြိမ်းသတ်မှု တွေ ပြုလုပ်ပေးခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က ကျောက်မှော်ကျေးရွာ အုပ်စုအတွင်းမှာရှိတဲ့ ကျောက်မှော်ရွာ ၊ပန်းတိမ်ပြင်ရွာ ၊ အင်းပတ်ရွာ ၊ ကြက်ရှာရွာ ၊ ကျောက်ကုန်းရွာ ၊ နော်ပင်ရွာ ၊ ကျွန်းပေါ်ရွာတွေကို မီးရှို့ဖျက်ဆီးခဲတာဖြစ်ပြီး အိမ်ခြေ တစ်ရာကျော်အထိ မီးလောင်ပျက်စီးခဲ့ရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထွက်ခွာသွားတာနဲ့ PDF တွေက ကျေးရွာတွေထဲကိုဝင်ရောက်ပြီး မီးငြိမ်းသတ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကြောင့် ဒေသခံပြည်သူတွေက ညဘက်ကြီး ထွက်ပြေးတိမ်းရှောင်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။