အကြမ်းဖက်စစ်တပ်က မင်းတပ်မြို့က စစ်ရှောင်ကူညီသူတွေ နေထိုင်တဲ့ ဘုန်းကြီးနေကျောင်းနဲ့ ပြည်သူတွေ နေအိမ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

အကြမ်းဖက်စစ်တပ်က မင်းတပ်မြို့က စစ်ရှောင်ကူညီသူတွေ နေထိုင်တဲ့ ဘုန်းကြီးနေကျောင်းနဲ့ ပြည်သူတွေ နေအိမ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
ဇန်နဝါရီ ၂၄ ၊ ၂၀၂၃

ချင်းပြည်နယ် မင်းတပ်မြို့နယ် ပလိပ်ထွီကျေးရွာရှိ လူနေအိမ်နဲ့ ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲခြင်း ပစ်ခတ်တိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၃ရက် နံနက် ၁၁နာရီမှာ အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကြဲခံရတဲ့ ဘုန်းကြီးကျောင်းဟာ မြို့နယ်စစ်ဘေးရှောင် (IDP) များကို ကူညီသူအရပ်သားများ volunteer များ နေထိုင်ရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လေယာဉ်နဲ့ ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂လုံး၊ ဘုန်းကြီးကျောင်းနဲ့ သိမ် တို့ ပျက်စီးခဲ့သလို လေယာဉ်ဗုံးဆံကြောင့်ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

အခု ဗုံးကြဲတိုက်ခိုက်မှုဟာ ဘာသာရေးအဆောက်အဦကို တိုက်ခိုက်ရုံမျှမက အရပ်ဖက်စစ်ဘေး ရှောင်များကိုပါ ရည်ရွယ်ချက်ရှိရှိ အောက်တန်းကျစွာ ဦးတည်တိုက်ခိုက်ခြင်း ဖြစ်တယ်လို့ မင်းတပ် ပအဖ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ပထမပတ်ကစပြီး မင်းတပ်မြို့နယ်က ကျေးရွာတွေကို တိုက်ပွဲမဖြစ်ဘဲ လေကြောင်း တိုက်ခိုက်တာ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အခု ဇန်နဝါရီလအတွင်း မင်းတပ်မြို့နယ်ကိုအကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၈ကြိမ်ပြုလုပ်ခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်ခဲ့ပြီး ဒီလို တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဘာသာရေး အဆောက်အဦးများ၊ စစ်ဘေးရှောင်စခန်းများ နဲ့ အရပ်သား ပြည်သူများ အပေါ် ပစ်မှတ်ထားပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှု၊ လက်နက်ကြီး များဖြင့် တိုက်ခိုက်မှု တို့ဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေများကို ဆန့်ကျင်တဲ့ လုပ်ရပ်များဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများနဲ့ စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်း ဖြစ်ကြောင်း မင်းတပ် CDFက ထုတ်ပြန်ခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.