အကြမ်းဖက်စစ်တပ်က ထောက်ပို့ရဟတ်ယာဉ်တွေနဲ့ချပေးတဲ့ ၇၃ မမ ဒုံးကျည်အပါအင် အခြားလက်နက်ပစ္စည်း တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရရှိခဲ့
ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၂
တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နဲ့ ကယားပြည်နယ်အစပ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ရဟတ်ယာဉ်တွေ က လက်နက်ပိုင်းဆိုင်ရာတွေနဲ့ ဒုံးကျည်တွေ ချပေးရာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းဆည်းရမိခဲ့ တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က လာချပေးတာတွေက ၇၃ မမ ဒုံးကျည် (ခွင်းကျည်)တွေနဲ့ လက်နက်ပိုင်း ဆိုင်ရာ ပစ္စည်းတွေဖြစ်ပြီး ဒီနေ့မနက် ၆ နာရီခွဲအချိန်ခန့်လောက်မှာ လာရောက်ချပေးခဲ့ရာမှာ ပြည်သူ့ကာကွယ် ရေးတပ်တွေက ရရှိခဲ့တာလည်းဖြစ်ပါတယ်။
“ပစ္စည်းတွေထဲမှာ လက်နက်နဲ့ဆိုင်တဲ့သေတ္တာတွေ ကျည်တွေနဲ့ ဒုံးတွေပေါ့နော်။ စကစ နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်တဲ့ကြားကိုကျတာ။ အချို့ကိုတော့ ကာကွယ်ရေးတပ်တွေကရလိုက်တယ်။ အချိုု့ကိုတော့ သူတို့ဘက် က စနိုက်ပါနဲ့ ထောက်ထားတဲ့အတွက် သွားယူလို့မရဘူး”လို့ ကရင်နီနယ်မှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်သားတစ်ဦးက mizzima ကိုပြောထားတာ တွေ့ပါတယ်။
ထောက်ပို့ရဟတ်ယာဉ်တွေနဲ့ ချပေးတာကို လာယူတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အကြားလည်း တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။