အကြမ်းဖက်စစ်တပ်က ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စုန်ဆင်းပြီး ပြည်သူတွေကို သတ်ဖြတ်တာနဲ့ ပစ္စည်းတွေကို အဓမ္မ ယူဆောင်တာတွေ ပြုလုပ်နေ
ဇန်နဝါရီ ၂၄ ၊၂၀၂၃
အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စုန်ဆင်းနေပြီး ပြည်သူ တွေကို သတ်ဖြတ်တာနဲ့ ပစ္စည်းတွေကို အဓမ္မယူဆောင်မှုတွေ ပြုလုပ်နေတယ်လို့ ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစုက ဒီနေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမြန်ယာဉ်သင်္ဘောတွေနဲ့ ဖလက်ခွင်တွေက ကျောက်မှော်ရွာကို ဇန်နဝါရီ ၁၉ ရက်မှာ ဆိုက်ကပ် တပ်စွဲခဲ့ပြီး ၄ ရက်အကြာ ဇန်နဝါရီ ၂၃ ရက်မှာ ပြန်လည် ထွက်ခွာတဲ့အခါမှာ ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အဓမ္မယူဆောင်သွားပါတယ်။
အဲဒီအကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်းက ဇန်နဝါရီ ၂၃ ရက်မှာ ကျောက်မှော် – ကျောက်ကုန်း – အင်ဖက် – ပန်းတိမ်ပြင် အစရှိတဲ့ ကျေးရွာတွေကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့တာ၊ ပစ္စည်းတွေကို အဓမ္မယူဆောင်တာတွေ ပြုလုပ်ခဲ့တဲ့အပြင် ပန်းတိမ်ပြင်-အင်ဖျားမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အသက် ၃၀ အရွယ် ကိုနေထွန်းဆိုသူကို ဦးခေါင်းနဲ့ လက်တွေကို ဖြတ်ပြီးတော့ သတ်ဖြတ်ခဲ့ပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်ကြောင်းက အင်းဖျားရွာကနေ စုန်ချောင်းရွာကို ဝင်ရောက်ပြီး ရွာသား ၅ ဦးကို ဖမ်းဆီးခေါင်ဆောင်သွားရာ တစ်ဦးသာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန်တဲ့ ရွာသား ၄ ဦးက အဆက်အသွယ် မရသေးဘူးလို့ င်းမာပင်မြောက်ခြမ်း သပိတ်အင်အားစုက အသိပေးထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။