အကြမ်းဖက်စစ်တပ်က ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတစ်ဦး သေပြီး ကလေးနှစ်ယောက် ဒဏ်ရာရခဲ့တယ်လို KNU ဗဟိုထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတစ်ဦး သေပြီး ကလေးနှစ်ယောက် ဒဏ်ရာရခဲ့တယ်လို KNU ဗဟိုထုတ်ပြန်
ဇူလိုင် ၁၅ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံးနယ်မြေဖြစ်တဲ့ ညောင်လေးပင် ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ် က ကျေးရွာထဲက ပြည်သူတစ်ဦးကို ခေါ်ယူသွားပြီး သတ်ဖြတ်တာ၊ ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်လို့ ပြည်သူ တစ်ဦး သေပြီး ကလေးနှစ်ယောက် ဒဏ်ရာရတာတွေ ဖြစ်နေတယ်လို့ KNU ဗဟိုက ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်လိုက်ပါ တယ်။

ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက် စစ်တပ်ရဲ့ ခမရ-၃၅၁၊ ခလရ-၆၀ နဲ့ ပူးပေါင်းတပ်တွေက စပ်လဲကျေးရွာကို ဇူလိုင် ၁၄ ရက် ညနေ ၂ နာရီ ၂၂ မိနစ်အချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် စပ်လဲကျေးရွာထဲမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့ရသလို ကလေးငယ်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ ဒါအပြင် ကျေးရွာပြည်သူလူထုရဲ့ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။

သေဆုံးသွားသူက အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ စောရှီးမေဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကလေးနှစ်ဦးက အသက် ၁၂ နှစ်အရွယ် နော်ထီးဆဲခူနဲ့ ၆ လအရွယ် စောထီးဖိုးကလိုးတို့ ဖြစ်တယ်လို့ ဖော်ပြထားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရခဲ့သူတွေက သားအဖတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

ဇူလိုင် ၁၄ ရက် မနက် ၇ နာရီအချိန်မှာလည်း အကြမ်းဖက်စစ်တပ်က သောင်ပုကျေးရွာရဲ့ သင်းအုပ်ဆရာ စောဖရက်စလီ ရဲ့ သားဖြစ်သူ အသက် ၂၇ နှစ်အရွယ် စောလာဘူကို ဖမ်းဆီး သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါရက် မနက် ၈ နာရီ ၃၈ မိနစ်အချိန်မှာ ကျောက်စရစ်ကျေးရွာအုပ်စု၊ သောင်ပုကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ် ရဲ့ ခမရ -၃၅၀ ၊ ခမရ ၆၀၃ နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ရင်း ၉ ဘက်က ထိခိုက်ကျရှုံးမှုမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်ကျရှုံးမှုကို မသိ ရသေးဘူးလို့လည်း ဆိုထားပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လည် (၁၂)နာရီ (၄၅)မိနစ် အချိန်မှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တွေက ဇူလိုင် ၁၃ ရက်မှာ ဖမ်းဆီးထားတဲ့ အလယ်စုကျေးရွာနဲ့ ဝါးပင်စုကျေးရွာက ပြည်သူလူထုတွေကို ဓားစာခံအဖြစ်ခေါ်ယူပြီး ကျောက်စရစ်စခန်းကို ပြန်ဝင်သွားခဲ့ပါတယ်။

ဒါအပြင် ဇူလိုင် ၁၄ ရက် မနက် ၇ နာရီ ၅၀ မိနစ်အချိန်မှာ ကျောက်ကြီးမြို့နယ်၊ မူသယ်ကျေးရွာအနီးမှာ အကြမ်းဖက်စစ် တပ်ရဲ့ ခလရ-၇၅ နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) တို့အကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲ မှာ အကြမ်းဖက်စစ်တပ်ဘက်က တပ်ကြ ပ်ကြီးတစ်ဦး သေတယ်လို့လည်း KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား တာ တွေ့ရပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.