အကြမ်းဖက်စစ်တပ်ကျူးလွန်မှုတွေကို လုံး၀လက်ခံနိုင်ဖွယ်မရှိဘူးလို့ ကုလဌာနေညှိနှိုင်းရေးမှူး ထုတ်ပြန်

အကြမ်းဖက်စစ်တပ်ကျူးလွန်မှုတွေကို လုံး၀လက်ခံနိုင်ဖွယ်မရှိဘူးလို့ ကုလဌာနေညှိနှိုင်းရေးမှူး ထုတ်ပြန်
၆ ဒီဇင်ဘာလ ၂၀၂၁

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဒီဇင်ဘာ ၅ ရက်လုပ်ရပ်ကို လုံး၀လက်ခံနိုင်ဖွယ်မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ramanathan Balakrishnan က ထုတ်ပြန်ပါတယ်။

လက်နက်မဲ့အရပ်သားတွေကို အလွန်အကျွံအင်အားသုံးခဲ့မှုအတွက် တာဝန်ရှိသူတွေဟာ တာဝန်ခံမှုရှိရမှာဖြစ်ပြီး ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းက သတ်ဖြတ်မှုတွေအတွက် အပြင်းထန်ဆုံး ပြစ်တင်ရှုံ့ချတယ်လို့ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို အကြမ်းဖက်စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အဲဒီတိုက်ခိုက်ခံမှုကို အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိတယ်လို့ Ramanathan Balakrishnan က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ဒီမိကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁၃၀၀ ကျော်သော အမျိုးသမီး၊ ကလေးငယ်နဲ့ အမျိုးသားတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် နိုင်ငံ့အတွင်းဆက်လက်ဖြစ်ပွားနေဆဲအကြမ်းဖက်မှုတွေကြောင့် တုန်လှုပ်နေပြီး ဖိနှိပ်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာအသိုင်းအဝန်းက စုစည်းညွတ်ညွတ်စွာလုပ်ဆောင်ကြဖို့တိုက် တွန်းထားတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ စကားလုံးတွေကို ထပ်လောင်း ပြောကြားတယ်လို့ Ramanathan Balakrishnan က ထုတ်ပြန်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.