အကြမ်းဖက်စစ်တပ်ကို လော်ဘီလုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ တယ်လီဂရမ်ချန်နယ်က Han Nyein Oo အကောင့် ဖြုတ်ချခံရ

အကြမ်းဖက်စစ်တပ်ကို လော်ဘီလုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ တယ်လီဂရမ်ချန်နယ်က Han Nyein Oo အကောင့် ဖြုတ်ချခံရ
မတ် ၁၂ ၊ ၂၀၂၂

ပြည်သူတွေကို နေ့စဉ် သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို လော်ဘီလုပ်ပေးနေပြီး ပြည်သူတွေကို ဒုက္ခပေး နေတဲ့ တယ်လီဂရမ်ချန်နယ်က Han Nyein Oo အကောင့်ကို တယ်လီဂရမ်က မနေ့ည ၁၀ နာရီလောက်မှာ ဖြုတ် ချလိုက်ပါတယ်။

တယ်လီဂရမ် (Telegram) ရဲ့ ထုတ်ပြန်ချက်မှာတော့ Han Nyein Oo Channel က လူမှုစံနှုန်းတွေနဲ့ မကိုက်ညီ တဲ့အတွက် ဖြုတ်ချလိုက်ရတာဖြစ်တဲ့အကြောင်းဖော်ပြထားပါတယ်။ ဖြုတ်ချခံရတဲ့ Han Nyein Oo Channel မှာ ကြည့်ရှုသူ Follower ၁ သိန်း အထိရှိထားတာပါ။

Han Nyein Oo Channel နာမည်ကျော်သရုပ်ဆောင်တွေရဲ့ နေအိမ်တွေကို ဖော်ပြပြီး ချိတ်ပိတ်ဖို့ တွန်းအားပေး လုပ်ဆောင်ခဲ့သလို CDM တွေ နေထိုင်တဲ့ အိမ်တွေကိုလည်း ဖော်ပြပြီး ဖမ်းခိုင်းတာတွေပြုလုပ်နေတာပါ။ အဲဒီချန် နယ်မှာ အိမ်ချိတ်ပိတ်ဖို့ ရေးတိုင်း၊ ဖမ်းဆီးဖို့ ရေးသားတိုင်း အကြမ်းဖက်စစ်တပ်က လိုက်လုပ်တာမို့ အကြမ်းဖက် စစ်တပ်ရဲ့ အဖွဲ့တစ်ခု ဒါမှမဟုတ် ယခင် ထောက် လှမ်းရေးခင်ညွှန့်ရဲ့ လက်ပါးစေတွေ ဦးဆောင်လုပ်နေတာတဲ့ တယ်လီဂရမ်ချန်နယ်လို့ မှတ်ချက်ပေးမှုတွေလည်း ရှိထားပါတယ်။

လက်ရှိအချိန်မှာတော့ Han Nyein Oo ရဲ့ Followers သုံးသောင်းခြောက် ထောင်ကျော်ရှိနေသေးတဲ့ ချန်နယ် တစ်ခုကျန်နေသေးတာလည်း တွေ့ရပါတယ်။

ဓာတ်ပုံ – ဓာတ်ပုံ- Follower ၁ သိန်းကျော်ရှိသော Han Nyein Oo တယ်လီဂရမ်တွင် နောက်ဆုံးတင်သွားသော ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချုပ် သာလွန်ဇောင်းထက်နှင့်ပတ်သက်၍ မမှန်မကန်ဖြန့်ဝေထားသော ပို့စ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.