အကြမ်းဖက်စစ်တပ်ကို လက်နက်ဝယ်ယူပေးနေသူ လက်နက်ပွဲစား ၉ ဦးအား အမည်ပျက်စာရင်းသွင်းပြီး ယင်းတို့ရဲ့ ကုန်ပစ္စည်းများကို ရောင်းဝယ်ခြင်းမပြုလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်
ဇန်နဝါရီ ၂၅ ၊ ၂၀၂၂
အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်တွေဝယ်ယူရရှိစေရန်အတွက် ပံ့ပိုးနေတဲ့ လုပ်ငန်းတွေနဲ့ လက်နက်ပွဲစား ၉ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရက အမည်ပျက်စာရင်းသွင်းလိုက်ပြီး ယင်းတို့နဲ့ ဆက်စပ်နေတဲ့ ကုန်ပစ္စည်းတွေကို ရောင်းဝယ်ခြင်းဟာ အကြမ်း ဖက်မှုနဲ့ စစ်ရာဇဝတ်မှုအားပေးတာဖြစ်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါ တယ်။
လက်နက်ဝယ်ယူပေးနေတဲ့အတွက်ကြောင့် အမည်ပျက်စာရင်းသွင်းခံရတဲ့သူတွေက ဦးအေးကို (AK ကုမ္ပဏီအုပ်စု)၊ Family Aye Ko ဆောက်လုပ်ရေး၊ A.K Construction & Industry ၊ Clarity Construction & Trading နဲ့ Axiom Mandalay Highway Construction ကုမ္ပဏီ၊ ဒေါက်တာနိုင်ထွဋ်အောင် (International Gateway Group of company limited) ၊ ဒေါက်တာအောင်မိုးမြင့် (Dynasty Group of Compaines) ၊ ဦးစစ်တိုင်းအောင် (Suntac ကုမ္ပဏီအုပ်စု၊ Yatanarpon Aviation Support) ၊ ဦးထွန်းလှိုင် (STE Global Trading ကုမ္ပဏီ) ၊ ဂျော်နသန်ကျော်သောင်း (KT Group and Ky-Tha Group) ၊ ဦးအောင် လှိုင်ဦး (Myanmar Chemical & Machinery (MCM) ကုမ္ပဏီအုပ်စု) ၊ ဦးတေဇ (ထူးကုမ္ပဏီ အုပ်စု) ၊ ဦးဇော်ဝင်းဦး (Trident Marine Co.Ltd) တို့ဖြစ်ပါတယ်။
အဲဒီစီးပွားရေးလုပ်ငန်းတွေက စစ်ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို အားပေးကူညီနေတဲ့လုပ်ငန်းတွေဖြစ်တာ ထင်ရှားတာ ကြောင့် အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုအားပေးတဲ့ စီးပွားရေးလုပ်ငန်းတွေအဖြစ် အမည်ပျက်စာရင်းသွင်းတယ်လို့ ကြေညာ လိုက်တာပါ။
ဖော်ပြထားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတာ၊ ရောင်းဝယ်ဖောက်ကားတာ၊ သိုလှောင်ဖြန့်ဖြူးရောင်းချတာ၊ Business to Business ချိတ်ဆက်ဆောင်ရွက်တာ၊ ငွေပေးငွေယူပြု လုပ်တာ၊ လုံးဝမလုပ်ကြဖို့နဲ့ လုပ်ခဲ့ရင် အဲဒီလုပ်ရက်တွေက အကြမ်းဖက်စစ်ရာဇဝတ်မှုကျူးလွန်ဖို့ ထောက်ခံအားပေးတဲ့ လုပ်ရပ် တွေလို့ သတ်မှတ်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။
နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်နက်ဝယ်ယူရရှိနိုင်ရေးအတွက် စီးပွားရေးလုပ် ငန်းရှင်တွေက စီးပွားရေးလုပ်ငန်းမျိုးစုံကို အမည်ခံယောင်ပြပြုလုပ်ပြီး လက်နက်ပွဲစားများအဖြစ် ကူညီပါဝင်လုပ်ဆောင်နေကြ တယ်ဆိုတာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်းကြားရေးမှူးရုံးက စိစစ် တွေ့ရှိတာဆိုပြီး ဖော်ပြထားပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။