အကြမ်းဖက်စစ်တပ်ကို မုံရွာ – မန္တလေးလမ်းပေါ်မှာ တစ်ရက်တည်း မိုင်းလေးကြိမ်ခွဲပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ် လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်
ဇူလိုင် ၂၁ ၊ ၂၀၂၂
အကြမ်းဖက်စစ်တပ်ကို မုံရွာ-မန္တလေးလမ်းပေါ်မှာ တစ်ရက်တည်းနဲ့ မိုင်းလေးကြိမ်ခွဲပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၄ ဦးအထိ သေဆုံးနိုင်တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(CHU PDF)က ဒီနေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။
မုံရွာမြို့ကနေ ချောင်းဦးမြို့ကို ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှာ ထွက်ခွာလာတဲ့ အင်အား ၂၀ ခန့်ပါ အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းနဲ့ ကားတစ်စီးကို ခင်မွန်ရွာနဲ့ ချောင်းဦးမြို့အကြားမှာ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်(CHU PDF) တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၄ ရဲ့ မိုင်းတပ်ခွဲက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အကြမ်းဖက်စစ်တပ်က ၄ ဦးသေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
မိုင်းထိလို့ ပျက်စီးပွားတဲ့ ကားကို ကရိန်းနဲ့ ပြန်ဆွဲသွားသလို ဒဏ်ရာရတဲ့သူတွေကိုလည်း လူနာတင်ကားတွေနဲ့ အကြမ်း ဖက်စစ်တပ်ရဲ့ အနော က်မြောက်တိုင်းစစ်ဌာနချုပ် (န.မ.ခ) စစ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ မွန်းလွဲပိုင်းမှာလည်း အောင်ချမ်းသာဇရပ်ပေါ်မှာစုထိုင်နေကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးကို CHU PDF ရဲ့ မိုင်းတပ်ခွဲက ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ၆ ဦးလုံး သေခဲ့ပါတယ်။
အဲဒီသေသွားတဲ့ ၆ ဦး အလောင်းကို လာကောက်တဲ့ အကြမ်းဖက် စစ်သား ၁၀ ဦးခန့်ကိုလည်း လာကောက်တဲ့ ဇရပ်အနီးမှာ မိုင်း ၃ လုံးနဲ့ ထပ်ပြီး ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ၄ ဦးသေတယ်လို့ CHU PDF က ပြောပါတယ်။
အလားတူပဲ အဲဒီနေ့ မွန်းလွဲပိုင်းမှာပဲ စစ်ကိုင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီကား ၁၄ စီးကို ခင်မွန်ရွာနဲ့ ချောင်းဦးမြို့ကြားမှာ ပဒေသာမိုင်း ၂ လုံးခွဲပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် သေဆုံးမှုတွေ ရှိ နိုင်တယ်လို့ ဆိုထားပြီး သေဆုံး ထိခိုက်မှု အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(CHU PDF)ကတော့ ပြည်သူတွေကို မန္တလေး-မုံရွာကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာခြင်း မပြုဖို့နဲ့ အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
ဓါတ်ပုံ-CHU PDF (မိုင်းထိပျက်စီးသွားသော အောင်ချမ်းသာဇရပ်)
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။