အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့နဲ့ MoU ထိုးဖို့ပြင်နေတဲ့ UN အဖွဲ့တွေ၊ INGOs တွေ လုပ်ရပ်ရပ်တန်းကရပ်ဖို့ အရပ်ဘက် အဖွဲ့အစည်း ၂၅၅ ဖွဲ့က လူ့အခွင့်အရေးနေ့မှာ သတိပေးစာ ထုတ်ပြန်ခဲ့

အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့နဲ့ MoU ထိုးဖို့ပြင်နေတဲ့ UN အဖွဲ့တွေ၊ INGOs တွေ လုပ်ရပ်ရပ်တန်းကရပ်ဖို့ အရပ်ဘက် အဖွဲ့အစည်း ၂၅၅ ဖွဲ့က လူ့အခွင့်အရေးနေ့မှာ သတိပေးစာ ထုတ်ပြန်ခဲ့

ဒီဇင်ဘာလ ၁၁၊ ၂၀၂၁

ဒီထုတ်ပြန်ချက်ထဲမှာ လက်မှတ်ရေးထိုးထားတဲ့ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၅၅ ဖွဲ့က တရားမဝင်၊ မြန်မာစစ်အုပ်စုအား တရားဝင်မှု ရအောင် ပူးပေါင်းဆောင်ရွက်မှု ပုံစံအားလုံးကို ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေထောက်ပံ့မှုများ၊ ဖရိုဂရမ်များနဲ့ တခြားအစိတ်အပိုင်းများ အားလုံးကို ရပ်တန့်ဖိုတောင်းဆိုလိုက်ပါတယ်။ ဒါအပြင် ဒီအထဲမှာ စစ်အုပ်က မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ် ရက်စက် ကြီးမားတဲ့ ဒုက္ခဆင်းရဲတွေ ကျရောက်အောင် ဆက်လက်ကျူးလွန်လုပ်ဆောင်နေတဲ့အပြင် နဂိုရှိနှင့်နေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အခြေအနေများ ကိုလဲ ပိုမိုဆိုးရွားလာစေတာကြောင့် စစ်အုပ်စုနဲ့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ထိုးတာနဲ့ စစ်အုပ်စု ကိုယ်စားလှယ်တွေကို နိုင်ငံတကာအစည်းအဝေးတွေ တက်ရောက်ဖို့ ဖိတ်ကြားခြင်း လုံးဝမလုပ်ဆောင်ဖို့ ပါဝင်ပါတယ်။

#SpringRevolution
#PVTV
#PVTVNews




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.