အကြမ်းဖက်စစ်ကောင်စီသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သူတွေကို ရည်းစူးပြီး ရန်ကုန်မှာရှိတဲ့ သံရုံးလေးခုက နှင်းဆီပန်း အပွင့် တစ်ထောင်ကျော် ခင်းကျင်းဂုဏ်ပြု
ဒီဇင်ဘာလ ၁၀၊ ၂၀၂၁
မြန်မာနိုင်ငံဆိုင်ရာ သံရုံး ၄ ခုဖြစ်တဲ့ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနဲ့ ဆွီဒင်နိုင်သံရုံးတွေက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် ဆန္ဒပြတာတဲ့အချိန် ဖြိုခွင်းရာမှာ အသက်ရှုံးသွားတဲ့ ပြည်သူတွေကို နှင်းဆီးပန်း ၁၃၂၃ ပွင့်နဲ့ ခင်းကျင်းဂုဏ်ပြုခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီနေ့ ဒီဇင်ဘာ ၁၀ ရက် မှာ ပြုလုပ်တဲ့ ကျဆုံးမြန်မာပြည်သူများ ဂုဏ်ပြုမှုကို သံရုံးလေးခုက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
ဖေဖော်ဝါရီ ၁ ရက်ကစပြီး လူ့အခွင့်အရေးကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိန်းသိမ်းခံထားရသူများကို ဂုဏ်ပြုကြောင်း ဖော်ပြပြီး နိုင်ငံလေးခုအနေနဲ့လဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မျှော်မှန်းချက်တွေကို ဆက်လက်ထောက်ခံ အားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက လက်ခံကျင့်သုံးနေပေမယ့် မြန်မာနိုင်ငံကတော့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး ကမ္ဘာတစ်ဝှမ်းမှာလဲ မညီမျှမှုတွေ ချန်လှပ်ထားတာ ရှိနေတုန်းဖြစ်ပါတယ်။
အာဏာသိမ်းမှုနဲ့ ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ အကျပ်အတည်းနှင့်မညီမျှမှုတွေကို သိသိသာသာရင်ဆိုင်နေရပြီး အခြေခံနိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးရပိုင်ခွင့်တွေ ဆုံးရှုံနေတာဖြစ်ပါတယ်။
ဒါအပြင် လွတ်လပ်ခွင့်တွေ ထိခိုက်ရုံတင်မက မြန်မာနိုင်ငံသူနိုင်ငံသားတွေ ရဲ့ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေ အတော်လေး ထိခိုက်နေအကြောင်းလဲ ထည့်သွင်း ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews