အကြမ်းဖက်စစ်ကောင်စီရဲ့ လန်ချန်း – မဲခေါင်း အစည်းအဝေးဖိတ်ကြားမှု တရုတ်အစိုးရအကြောင်းမပြန်
ဇန်နဝါရီ ၁၂၊ ၂၀၂၃
မြန်မာအကြမ်းဖက်စစ်ကောင်စီက ကျင်းပမယ့် လန်ချန်း – မဲခေါင်းပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်ဖို့ တရုတ်ကို ဖိတ်ကြားပေမယ့် တရုတ်အစိုးရ က တက်ရောက်ဖို့ အကြောင်းမပြန်ဘူးလို့ သိရပါတယ်။
လန်ချန် မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်ဖို့အတွက် မြန်မာအကြမ်းဖက်စစ်ကောင်စီက တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီယားနိုင်ငံတွေကို ဖိတ်ကြားပေးမယ့် တရုတ်အစိုးရက အဲ့ဒီဖိုရမ်ကို တက်ရောက်ဖို့ အကြမ်းဖက်စစ်ကောင်စီကို အကြောင်းမပြန်ခဲ့ဘူးလို့ ဟောင်ကောင်အစိုးရဟောင်းတစ်ယောက်ရဲ့ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကားပြီး အယ်ဂျာဇီယား သတင်းမှာ ဖော်ပြထားပါတယ်။
အစဉ်လာအားဖြင့် ဒီလို ဖိတ်ကြားမှုမျိုးကို တရုတ်နိုင်ငံက တက်ရောက်ဖို့ ပျက်ကွက်လေ့မရှိဘဲ တက်ရောက်ဖို့ ပျက်ကွက်လာခဲ့ရင်လည်း အဲ့ဒီဆွေးနွေးပွဲဟာမဖြစ်ဖို့များတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
တရုတ်ရဲ့ ဒီလိုပျက်ကွက်မှုဟာ သာမာန်ပျက်ကွက်မှုမဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ခပ်ခွာခွာနေချင်တဲ့ သဘောဖြစ်တယ်လို့ ဟောင်ကောင်အရာရှိရဲ့ သုံးသပ်ချက်ကို ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်ရဲ့ ထိပ်တန်းအရာရှိတစ်ယောက်နဲ့ မှ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ် လန်ချန်း မဲခေါင် အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုယ်တိုင်က တိုင်းပြည်အာဏာကို ပြည်သူတွေထံ ပြန်လည်အပ်နှင်းရေး အကောင်အထည်ဖော်ဖို့နဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့အတွက်တရုတ်နဲ့ အာဆီယံ အတူတွန်းအားပေးလမ်းကြောင်းရှာဖွေဖို့ ပြောဆိုခဲ့ပါတယ်။
ဒီအခြေအနေတွေအရ တရုတ်အစိုးရ ဟာ မြန်မာအကြမ်းဖက်စစ်ကောင်စီကို ပစ်ပယ်ပြီး အာဆီယံရဲ့ မြန်မာအရေးကြိုးပမ်းမှုအပေါ်ပိုပြီး တွန်းအားပေးဖို့ လုပ်ဆောင်မှုတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံတကာလေ့လာသုံသပ်သူတွေက ပြောကြားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။