အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့် MRTV ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ဝက်ဆိုက်နဲ့ အပ်ပလီကေးရှင်းမှာ အပိတ်ခံရ
ဇူလိုင် ၆ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာဖြစ်တဲ့ MRTV က ဝက်ဆိုက်နဲ့ မိုဘိုင်းအပ်ပလီကေးရှင်းတွေမှာ တိုက် ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွေပြုလုပ်နေတာတွေ အပိတ်ခံလိုက်ရတယ်လို့ Justice For Myanmar က ဒီနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ဝါဒဖြန့်မီဒီယာဖြစ်တဲ့ MRTV က တိုက်ရိုက်ထုတ်လွှင့်ပြသတာကို အမေရိကန်၊ ကယ်လီဖိုးနီးယားအခြေစိုက် Dacast ရဲ့ နည်းပညာကို အသုံးပြုနေတာဖြစ်ပြီး အခုခါမှာတော့ Dacast က သူတို့ရဲ့ ဝန်ဆောင်မှုကို MRTV ကို အသုံးပြုခွင့် မပေးတော့တာလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က အမုန်းစကားတွေ၊ သတင်းအမှားတွေကို ဖြန့်ချိထုတ်လွှင့်ရာမှာ MRTV ကို အသုံးချနေတာဖြစ်တဲ့ အကြောင်း Justice For Myanmar က Ducats ကို ဆက်သွယ်ပြီး အကြောင်းကြား သတိပေးခဲ့ပါတယ်။
အဲဒီလို သတိပေးခဲ့ပြီး နာရီပိုင်းအကြာမှာပဲ Ducats က MRTV ဝက်ဆိုက်နဲ့ အက်ပလီကေးရှင်းတွေကို ပိတ်ပင်လိုက်တယ် ဆိုတဲ့ စာသားကို ဖော်ပြခဲ့တယ်လို့ Justice For Myanmar က ဖော်ပြလိုက်တာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။