အကြမ်းဖက်စစ်ကောင်စီရဲ့ ဝင်ငွေဒေါက်တိုင်တွေကို သပိတ်မှောက်ဖို့ ဝမ်းတွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု(WTRF) က တိုက်တွန်းနှိုးဆော်
ဇန်နဝါရီ ၂၃ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီရဲ့ ဝင်ငွေဒေါက်တိုင်တွေကို ဆန့်ကျင်သပိတ်မှောက်ခြင်းအားဖြင့် တော်လှန်ရေးမှာ ပါဝင်ကြဖို့ ဝမ်းတွင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအင်အားစု(WTRF)က ပြည်သူတွေကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ဝမ်းတွင်းမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူများအား ပန်ကြားချက်ကို WTRFက ယနေ့ ဇန်နဝါရီ ၂၃ရက်မှာ ထုတ်ပြန်ပြီး အခုလို တိုက်တွန်းခဲ့တာပါ။
တော်လှန်ရေးဆိုတာမှာ လက်နက်ကိုင်တော်လှန်ရေး၊ အကြမ်းမဖက် အာဏာဖီဆန်ရေး၊ ဆန္ဒပြ သပိတ်မှောက် စတဲ့နည်းတွေများစွာရှိပြီးတော့ ပြည်သူတွေအနေနဲ့ မိမိတို့ တက်နိုင်တဲ့နေရာကနေ ပါဝင်ကြဖို့ WTRFက ပြောပါတယ်။
ဒီလို ထုတ်ပြန်ပြောဆိုရာမှာ လက်ရှိ စစ်ကောင်စီရဲ့ ဝင်ငွေဒေါက်တိုင် တစ်ခုဖြစ်တဲ့ လျှပ်စစ်မီတာခတွေနဲ့ ပတ်သက်တဲ့အချက်ကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။
လက်ရှိ ကောက်ခံနေတဲ့ လျှပ်စစ်မီတာခတွေဟာ ဘတ်ဂျက်ပြတ်နေတဲ့ အ ကြမ်းဖက် စစ်ကောင်စီအဖို့ အရေးပါတဲ့ ဝင်ငွေဒေါက်တိုင် တစ်ခုဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မီတာခတွေ လုံး၀မဆောင်ခြင်းအာဖြင့် တော် လှန်ရေးမှာ ပါဝင်နိုင်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အသုံးမပြုတာ၊ Mytel ဖုန်းကတ်တွေကို မသုံးတာ စတဲ့နည်းတွေနဲ့လည်း တော်လှန်ရေးတွင် ပူးပေါင်းပါဝင် နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ဝင်ငွေရှိနေတဲ့ ယန္တရားတွေ ရပ်တန့်စေဖို့ အရေး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက များစွာအရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တယ်လို့လည်း WTRFကဆိုပါတယ်။
မီတာကောက်ခံနေတဲ့ လျှပ်စစ်ဝန်ထမ်းတွေရဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်လုပ်ဆောင်နေတာကိုလည်း တိုင်ကြားချက်တွေလက်ခံရရှိထားလို့ အဲဒီလို လျှပ်စစ်ဝန်ထမ်းတွေကို တွေ့တဲ့နေရာမှာ ရှင်းလင်းသွားမယ်လို့လည်း သတိ ပေးထားပါတယ်။
လက်ရှိမှာ ဘီယာတွေနဲ့ စီးကရက်တွေ အပါအဝင် စစ်ကောင်စီနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေ ရောင်းဝယ်ခြင်း၊ သယ်ဆောင်သိုလှောင်ခြင်းတွေမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားသလို ဖမ်းဆီးရမိတဲ့ ဘီယာတွေအပါအဝင် စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးမှုတွေလည်း ပြုလုပ်ခဲ့တာရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ် တွေကလည်း စစ်ကောင်စီထုတ်ကုန်တွေ ရောင်းဝယ်သယ်ဆောင်တာတွေမလုပ်ဖို့ ထုတ်ပြန်ထားပြီး သတ်မှတ်ရက်ကျော်လွန်ရင် အရေးယူမယ်လို့ သတိပေးထားပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။